Ch (50).... ထိုလူ လာမည်။

263 17 0
                                    


Tamon ၏ သူရဲကောင်းများသည် စိတ်မရှည်စွာ ရပ်နေကြသည်။
ဘာလို့ဆို သူတို့၏သခင်သည် ဤငြိမ်းချမ်းသောအချိန်၌ ရုတ်တရက် ထူးထူးခြားခြား ပြုမူခဲ့တာကြောင်ပဲ။

"မင်း ဒီလိုလုပ်ချင်တာ သေချာလား? ဒါက ထင်ရာစိုင်းလွန်းတယ်။ ကုန်သွယ်မှုလက ကုန်ဆုံးတော့မှာဆိုတော့ မင်းငါတို့ကို ဒီလိုလုပ်ခိုင်းနေတာက…”

ကပ္ပတိန် Rubent Pahar သည် လေးနက်သောမျက်နှာဖြင့် ထပ်မံတောင်းပန်ခဲ့သည်။
သူ၏ ဘယ်ဘက်ပါးကနေ နှာခေါင်းဖျားထိ ဖုံးအုပ်ထားသော အမာရွတ်က သူ့ကိုဆိုးရွားစွာ ပုံပျက်နေစေတယ် ။
နီရဲသောဆံပင်နှင့် အမာရွတ်များကြောင့် House Krasis ၏ဝက်ဝံအညိုလို့ သူကို ခေါ်ကြတယ်၊ သို့သော် သူသည် အားလုံးထဲတွင် ဂရုတစိုက်နှင့် အလေးနက်အရှိဆုံးလူပင်။
ကုန်သွယ်လကုန်ခါနီး ဤအန္တရာယ်များသောအချိန်တွင် Tamon သင်္ဘောပေါ်တက်ခြင်းမှ တားဆီးရာတွင် အပြင်းထန်ဆုံးသူလည်းဖြစ်သည်။
နားထောင်နေသော Satin သည် ဖြောင့်မတ်သောအကြည့်ဖြင့် ကူညီပေးလိုက်တယ် ။

“Rubent ပြောတာမှန်တယ် သခင် ၊ ငါတို့နည်းနည်းကြာကြာစောင့်ပြီး နောက်လာမယ့် ကုန်သွယ်မှုလကျမှ ထွက်ဖို့ မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် ဘာကြောင့် အခုသွားရမှာလဲဆိုတာ ပြောပြပါ။”

Tamon သည် Satin ၏ တောင်းပန်စကားကြောင့် မြေပုံကို ငုံ့ကြည့်လိုက်သည်။

"ငါတို့ ဒီကနေ အမြန်လှေကို စီးရင်ငါတို့ Lesso ဆိပ်ကမ်းကို တစ်ရက်အတွင်း ရောက်နိုင်တယ်၊ ဟုတ်တယ်မလား? ”

သူက Amorပင်လယ် အလယ်ကို အတိအကျ ညွှန်ပြရင်း ပြောခဲ့တယ်။
စောင့်ကြည့်နေသော သူရဲကောင်းတစ်ဦးစီ၏ တပ်မှူးများသည် မကျေမနပ် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ရသည်။

"ဒါဟာ Lesso ဆိပ်ကမ်းနဲ့ မဝေးပါဘူး။ ငါတို့အဲဒီကို တစ်ရက်ထဲရောက်လိမ့်မယ်။"

"ရေကြောင်းပြတဲ့သူက ဘာတဲ့လဲ"

“ကျွန်တော်က သူတောင်းတဲ့ ပမာဏထက် ၃ဆ ပေးလိုက်တယ်။

"တော်တယ်။ ငါးဆလောက်ပေးရမယ်ထင်ထားခဲ့ပေမယ့် မင်းထင်ထားတာထက်စောပြီး သူ့ခွင့်ပြုချက်ရခဲ့တာပဲ”

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now