Ch(20) မင်း ဘယ်လိုသေချင်လဲ။

649 46 0
                                    

မျက်ရည် သို့မဟုတ် အရည်တွေပဲ

သူဘယ်လောက်ပဲ ညှစ်ထုတ်ပါစေ မျက်ရည်က ထွက်မလာပေမယ့် ခန္ဓာကိုယ်က အရည်တွေ.က‌ေတာ့.. စွမ်းအင်တွေ အများကြီးရှိတဲ့ လူတစ်ယောက်ဟာ သူလိုချင်သလောက် ထုတ်ယူနိုင်တယ်။
Roselyn က ဒါကို မယုံနိုင်ပေမယ့် Tamon က အမျိုးသမီးတွေကို ကိုင်တွယ်ဆိုတာ အဆင်မပြေဘူး။

သူ တစ်စုံတစ်ယောက်ကို ပွေ့ဖက်တာသို့မဟုတ် ကြည့်ရတာမျိုးကို အမှန်တကယ်ပင် မလိုချင်ခဲ့ဘူး။ ငယ်ရွယ်စဉ်တည်းက တိုက်ပွဲဝင်ပြိး မိမိဆန္ဒကို ပြေလျော့စေခဲ့တယ်။
သူ့ကို ချစ်ခင်တွယ်တာတဲ့ မိန်းမတွေ မရှိဘူးလို့ မဆိုလိုဘူး၊ ဒါပေမယ့် ထူးထူးခြားခြားတော့ သူဒီလိုမျိုးတွေ မခံစားရဘူး။ ဒါဟာ ထူးဆန်းတဲ့ အဆင်မပြေမူပဲလေ။
အာ့ဒါထက်ပိုဆိုးတဲ့ ပြဿနာက သူကအနံ့ခံအာရုံကို စူးစိုက်တတ်ခြင်းပဲ။
ရနံ့ပြသာနာမဟုတ်ဘဲ လူတွေရဲ့ အနံ့ ပြသာနာပဲ။
သူနဲ့ သာမန်စကားပြောနိုင်သည့်အကွာအဝေးတွင် ရနံ့က မှိန်ဖျော့နေပေမဲ့  သိသာထင်ရှား‌စွာရနေတတ်တယ်။

သို့သော် အဝတ်ချွတ်ရမည့်နေရာတွေ သို့မဟုတ် နမ်းရမည့်နေရာဆို အကွာအဝေးက နီးနေပြီဆိုတော့ ဇာတ်လမ်းက ခြားနားသွားကော။
ကြိုက်တာ မကြိုက်တာနှင့်မဆိုင်ဘူး ။သူ နီးနီးကပ်ကပ် ခံစားလို့ရနိုင်တဲ့ တခြားသူတွေရဲ့ အနံ့အားလုံးက ငြီးငွေ့ဖွယ်ကောင်းလွန်းတယ်။

တစ်ယောက်ကလွဲရင်ပေါ့.......
Roselyn ... Tanatosရဲ့ ဧကရီ ။

ရှေ့သို့လျှောက်သွားစဉ် Tamon သည် ခေါင်းကိုလှည့်ကာ Roselyn ကို စိုက်ကြည့်လိုက်တော့
Roselyn က သူ့ကိုဘာမေးရမှန်းမသိအောင် စိုက်ကြည့်လို့နေတယ်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမကို ပထမဆုံးမြင်ခဲ့ရတုံးကထက် ပို၍ပိန်ပါးသွားခဲ့ပေမဲ့ သူမ၏မျက်၀န်းများကတော့ ပိုမိုနက်ရှိုင်းလို့လာတယ်။
ခရမ်းရောင်မျက်၀န်းတွေက သာမန်မဟုတ်သော်လည်း အလွန်ရှားပါးတဲ့အရောင်လဲမဟုတ်ပါဘူး။ဒါပေမဲ့ Tamon သူမနှင့် ပထမဆုံး မျက်လုံးချင်းဆုံမိတုံးက ထူးဆန်းစွာ တုန်လှုပ်သွားခဲ့မိတယ်။သူမ၏ ထူထဲသော မျက်တောင်အောက်တွင် တောက်ပနေသော ခရမ်းရောင် မျက်၀န်းတို့.....

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now