CH ( 43 ) အဖျော်ယမကာ

459 29 0
                                    

Roselyn ၏ ရင်ထဲတွင် အလွန်သေးငယ်သော လှိုင်းဂယက်တစ်ခု လှူပ်ခတ်လို့ သွားသည်။
Tamon သည် ရေလှိုင်းများထဲသို့ လျှောက်သွားနေသကဲ့သို့ သူမဆီအလိုလို လုံ့လဝီရိယနှင့် ချဉ်းကပ်လာခဲ့သည်။

"မင်းက အရမ်းလှတာပဲ၊ မင်းဟာ လူသားတစ်ယောက်လို့တောင် ကိုယ်မထင်ဘူး......"

“လှတယ်” ဟူသော စကားလုံးသည် ယခင်က တစ်ခါမျှ မကြားခဲ့ဖူးသလိုပင် သူမ၏ နားရွက်များကို ကလိလို့ နေသည် ။

“အဲဒီလို မကြည့်နဲ့။ ရှင်စိတ်လှုပ်ရှားဖို့ ကျမဘာမှ မလုပ်ခဲ့ဘူး။ မစခင်ကျမ ဒိမှာရှိနေတာ။"

သူ့မျက်နှာအမူအရာတွေကို သူဘယ်လိုမှ မထိန်းနိုင်တော့ဘူး။
ဒီလို အောက်တန်းကျပြီး ကိုယ်လုံးတီး စကားလုံးတွေကို သူက စိတ်မ၀င်စားသလိုဂရုမစိုက်သလိုပါပဲ ။
ထူးဆန်းတယ် ။
Roselyn က သူဘာအသုံးအနှုန်းတွေပြောနေမှန်းကို မသိတော့ဘဲ သူမ ကြောက်လန့်သွားတယ်။
စိတ်အနှောင့်အယှက်ဖြစ်ပုံမပေါ်အောင် သူမမျက်နှာကို တင်းတင်းကြပ်ကြပ်ကို ထိန်းထားလိုက်တယ် ။
သူ့စကားကြောင့် စိတ်ရှုပ်နေသော Roselyn သည်အဆင်မပြေသည့်အမူအရာအောက်တွင်    ညံ့ဖျင်းသောလုပ်ရှားမှုတစ်ခုကို  သူမ သူ့ကို မမြင်စေချင်ပါ။

"... ရှင်က ကျမကို အမြဲတမ်း မြှောက်ပင့်နေတာပဲ"

“အဲဒါ ကိုယ့်ရဲ့ ဆွဲဆောင်မှုပဲလေ ”လို့‌ေပြာပြီးနောက် Tamon သည် အလွန်ဆွဲ‌ေဆာင်မူရှ်ိစွာ ပြုံးလိုက်သည်။

“သောက်ရအောင်။ အပန်းဖြေဖို့တွက် "

Tamon က ပုလင်းကို လက်တစ်ဖက်နဲ့ ကိုင်ထားလိုက်ရင်း သူမကိုပါ ဆွဲခေါ်သွားတယ်။
ကျယ်ဝန်းသော လှေကားထစ်ပေါ်တွင် ခင်းကျင်းထားသော စားပွဲငယ်တစ်ခုဆီသို့ သူမကို ခေါ်သွားခဲ့သည်။
အခန်းထောင့်တစ်နေရာမှ ဝိုင်ဖန်ခွက်ကို ထုတ်ပြီး သူ့ရှေ့မှာ ကိုင်ထားလိုက်တယ်။ ကြည်လင်သောအရက်သည် ဖန်ခွက်နှစ်ခွက်ဆီပြည့်သွားသည်။
သူသည် သူ့ဖန်ခွက်ကို ဦးစွာမော့လိုက်ပြီး Roselyn သည် အနည်းငယ် ချီတုံချတုံဖြစ်ကာ သူမလဲ မော့လိုက်သည်။
Tamon သည် သူမဖန်ခွက်နဲ့ ခွက်ချင်းတိုက်လိုက်သည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now