အခန်း ၂၃။ Lersha Resha

492 37 0
                                    


"သမီးလေး !"

အံ့သြစွာ Asrell က Roselyn ကို စစ်ဆေးရန် ဒူးထောက်ထိုင်ချလိုက်တယ်။
သူမ၏ မျက်နှာနှင့် အသွင်အပြင် တို့ကကွဲပြားနေပေမဲ့ ဤလူလတ်ပိုင်း အိမ်အကူက  Kanya ကို အမှတ်ရစေတယ်။
သူမသည် Roselyn ကာကွယ်ရန်ပျက်ကွက်ခဲ့လို့ သေဆုံးသွားရသောလူများထဲမှတစ်ဦးလည်းဖြစ်သည်။

“ကန်ယာ(kanya).....”

“ အာ…. ချောမောလှပတဲ့ မိန်းမငယ်လေးက ဘာ့ကြောင့်ဒီလောက်တောင်ဝမ်းနည်းနေရတာလဲ။ တကယ်ပါပဲ‌ "

Asrell ဒူးထောက်ကာ ငိုနေသော Roselyn ကို မော့ကြည့်လိုက်သည်။ သူမကို စက္ကန့်အနည်းငယ်လောက် ကြည့်လိုက်မိတော့ Roselyn မမေ့နိုင်တဲ့ မျက်နှာတစ်ခုဖြစ်ပြီး သူစိမ်းတစ်ယောက်ရှေ့မှာစိတ်မကောင်းဖြစ်လွန်းလို့ ခိုကိုးရာမဲ့စွာ ငိုနေမိပြန်တယ်။
Roselyn က ရပ်လိုက်ပြီး အိမ်အကူဆီကို လှမ်းလိုက်တယ်။
သူမရှေ့မှာ မြင်လိုက်ရတဲ့ ဒီလူရဲ့ အသားအရေဟာ သူ့ရှေ့မှာတင် သေဆုံးသွားခဲ့ရတဲ့ Kanya ရဲ့အသားရည်လို အေးစက်နေမယ်ဆိုရင် ဘာလုပ်ရမလဲ တွေးနေမိတယ် ။
ဒါက မဖြစ်​နိုင်​မှန်းသိ​ပေမယ့်​လဲ သူမ ​ကြောက်​သွားမိသည်​။ သူမ အရင်က ဒီလိုမျိုး မခံစားဖူးဘူး။

"'ဘုရားရေ။ ဒီမှာဘာတွေဖြစ်နေတာလဲ…?"

သူ့မကိုယ်သူမ မကူညီနိုင်ဘဲ၊ Asrell က တစ်ဝက်တစ်ပျက် ဆန့်တန်းထားတဲ့ Roselyn ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်တယ်။

“အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်နော်။ ကျေးဇူးပြုပြီး မငိုပါနဲ့……….လောကကြီးမှာဘာတွေဖြစ်ခဲ့လို့ ဒိလိုသနားစရာမျက်၀န်းတွေနဲ့ ဝမ်းနည်းနေရတာလဲ "

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် Asrell ကလက်ဆွဲပြီး Roselyn ကို ပွေ့ဖက်လိုက်သည်။ နူးညံ့သိမ်မွေ့သော အထိအတွေ့က Roselyn ၏မိခင်နှင့်တူလို့နေတယ်။
နွေးနွေးထွေးထွေးရှိတယ်။

“အဆင်ပြေသွားမှာပါ။ Ralph ၏ကောင်းချီးကသင့်ကိုကာကွယ်ပေးလိမ့်မည်နော် Lersha Resha"
Lersha Resha
အ!
Kanya.
အရင်တုံးက Roselyn ကို နှစ်သိမ့်ပေးတဲ့အခါတိုင်း Kanya လဲ အာ့လိုပြောခဲ့တာ။

“ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါလိမ့်မယ်။”

Lersha Resha

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now