Ch (31) အမြဲတမ်းပြဿနာရှိတယ်

523 34 0
                                    

Tamon  Roselyn ရဲ့ ဖြူဖွေးသော ပခုံးပေါ်ကို ညင်သာစွာ နမ်းလိုက်သည်။
မနေ့ညက သူမရဲ့ ပခုံးတစ်လျှောက်၊ လည်ပင်းနဲ့ ရင်ဘတ်အထိ အနီရောင် အရိပ်အယောင်တွေ ရှိနေတယ်။
သူတို့ကိုကြည့်လိုက်တော့ Tamon ဗိဆာလာပြန်တယ်။

(ဆာနိုင်လွန်းသူကြိး 🙄)

အတိအကျပြောရင် ဒါက အရောင်၏တပ်မက်မှုပဲ၊ သို့သော် သူ့ကိုဆာလောင်စေသည့်အရာက ဒါနဲ့ အနည်းငယ်ကွာခြားတယ် ။

“အာရန်ရိုရှား…”

Tamon က အိပ်ပျော်နေတဲ့ Roselyn ကို စိုက်ကြည့်ရင်း သူပေးခဲ့တဲ့ နာမည်ကို တိုးတိုးလေး ရွတ်လိုက်တယ်။
Roselyn တွက် အထောက်အထားအသစ်တစ်ခု လိုအပ်တယ် ။
Tanatos ၏ဧကရီ Roselyn V. Sunset ဆိုသူက နှင်းမုန်တိုင်းထဲတွင် သေဆုံးသွားခဲ့ပြီးပြီ။
သူ့နိုင်ငံနဲ့ ဧကရာဇ် နှစ်ခုစလုံးက သူမကို စွန့်လွှတ်ခဲ့တာ။
Roselyn ထိုနိုင်ငံက်ို တွယ်တာစရာအကြောင်း လုံးဝမရှိတော့ဘူး ။
ပုပ်ပွနေသော ရွှေအင်ပါယာကြီးက ရှုံးနိမ့်ခြင်း အစွန်ဖျားတွင် ရှိနေတယ် ။
လက်ရှိဧကရာဇ်က အမှိုက်တစ်စဖြစ်သော်လည်း၊ လက်ရှိဧကရာဇ်မင်းမြတ်၏ဖခင်ဖြစ်တဲ့ ယခင်ဧကရာဇ်မင်းကလဲ သိပ်မတော်လှပါဘူး ။  လက်ရှိဧကရာဇ်မင်းက မိမိလူမျိုးကို ညှဉ်းပန်းနှိပ်စက်ပါက၊ ယခင်ဧကရာဇ်မင်းက သံတူကိုကိုင်ဆောင်ကာ ပတ်ဝန်းကျင်နိုင်ငံများကို ညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်တယ်။

*အတိတ်အကြောင်းပြောခြင်း- Gillotti ၏မိဘများအကြောင်း*

အဓ္မလုယူခြင်း  ၊လုယက်ခြင်း၊ နှင့် နင်းချေခြင်းတို့က သူ၏ရှေ့တော်ဘုရင် Gridley II ရဲ့ ပျော်ရွှင်မှုဖြစ်တယ် ။
ရယ်စရာကောင်းတာက သူလုယူထားတဲ့ နိုင်ငံတွေကနေ သူယူလာခဲ့တဲ့ အမျိုးသမီး ၁၀ ယောက် တောင်ရှိတယ်လေ ။
သို့သော်လည်း ဧကရီ Nircia Karar ကသားတစ်ဦးနှင့် သမီးတစ်ဦးကို ဖွားမြင်ခဲ့တယ်။ သို့သော် သမီးဖြစ်သူမှာ ဖျားနာ၍ သေဆုံးသွားခဲ့ပြီး တစ်ဦးတည်းကျန်သော ကလေးမှာ Gillotti Tanatos ဖြစ်လာတယ်။
အတင်းအကြပ်လုပ်ခိုင်းရင်တောင် အားနည်းတဲ့နိုင်ငံတွေရဲ့ မင်းသမီးတွေကို ခေါ်ဆောင်လာရခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ်လုပ်တော်တွေဆိကတောင် ကလေးယူလိုစိတ်ရှိတာကြောင့်ပဲ။
သို့သော် ကောင်းကင်ဘုံက သူ့ကို စွန့်ပစ်လိုက်တာကြောင့် သူ့မှာ နောက်ထပ် သားသမီးများကို မမွေးနိုင်တော့ဘူး ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now