Ch (21) Ronasso ၏စိုးရိမ်ပူပန်မှု

582 43 0
                                    

အဲဒါကို ဘယ်သူကမှ မြင်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ဖွက်ထားတဲ့နေရာအောက်ကို အမြန်လှမ်းလိုက်တော့ အဲဒီနေရာမှာ ဓားမြှောင်ထပ်ရှိ‌ေနတယ်။ Tamonက သူ့ ဆရာဆိုပေမဲ့ သူက အရူးလေးပဲလေ။

'မင်းအိပ်နေတဲ့ နေရာမှာတောင် ဓားပေါင်းများစွာကို ဘယ်လိုတောင် ဝှက်ထားနိုင်ရတာလဲ။'

"....အဲဒါကြောင့် ငါ မင်းကို အထဲကို မဝင်ဖို့ ပြောခဲ့တယ်မလား..."

ချန်ဘာလိန်က သက်ပြင်းချပြီး မိးပူတိုက်ထားတဲ့ အဖြူရောင်လက်ကိုင်ပုဝါကို လှမ်းပေးလိုက်တယ်။

"ဘာအတွက်လဲ?"

“သွေးထွက်နေတယ် သခင်ရိုနာဆို။"

ချန်ဘာလိန်က သူ့ပါးကို ညင်သာစွာ ပုတ်ပြလိုက်တယ်။

နောက်ဆုံးတော့ Ronasso က သူ့ပါးပြင်မှာ ခြစ်ရာတစ်ခုကို သတိထားမိလိုက်တယ်။ ဒါဟာ ပထမဆုံး ခြိမ်းခြောက်မှုဖြစ်ပြီး သူ့မျက်နှာကနေ ဖြတ်သွားခဲ့တဲ့ သဲလွန်စတစ်ခုပဲ။

“ သုတ်လိုက်မယ်။ ငါ့အရည်အချင်းတွေက သံချေးတက်နေတာ မဟုတ်ဘူး..."

အသည်းကွဲခြင်းနှင့် ပျော်ရွှင်ခြင်း နှစ်မျိုးလုံးကြောင့် Ronasso ခံလိုက်ရပေမယ့်သူက Barnes ၏ ပထမတန်း Knight Commander ဖြစ်လင့်ကစား Tamon နှင့်တော့ အလှမ်းဝေးနေသေးတာပဲဟု သူခံစားမိလိုက်တယ်။

(ငါship ချင်နေပြီနော် နင်တို့ကို)

Ronasso က အနည်းငယ် စိတ်ပျက်အားငယ်နေပုံရသော်လည်း တစ်ဖက်တွင်မူ Tamon ၏ စွမ်းရည်မှာ အရင်လိုရှိနေတဲ့အတွက် ဂုဏ်ယူမိပါတယ်။
သွေးရောဂါ သို့မဟုတ် တစ်စုံတစ်ရာကြောင့်မဟုတ်ခဲ့ရင် သူက စစ်မြေပြင်တွင် အာဃာတဖြစ်နေအုံးမှာ ဖြစ်ပြီး ရန်သူများကို ကြောက်ရွံ့တုန်လှုပ်စေလိမ့်အုံးမှာ။

'သတိရှိစမ်းပါ! ငါကဖျားနာနေတဲ့လူထက် ပိုဆ်ိုးတယ်လို့ အပြောမခံနိုင်ဘူး!'

ဓားမြှောင်နဲ့ သေလုနိးပါးဖြစ်ခဲ့တာတောင် သူ့တွက်မလုံလောက်သေးပုံပဲ။ ချန်ဘာလိန်က သွေးတွေထွက်နေပေမယ့် ရယ်မောနေတဲ့ Ronasso ကိုကြည့်ပြီး ခေါင်းခါလိုက်မိတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now