Chapter 8 ......ငိုကြွေးသံ

855 57 0
                                    

ဧကရီ ဒီအပိုင်းမှာ တကယ့်ရူးတော့မလို ခံစားရတာပဲ သနားလိုက်တာ

ထုထည်ကြိးမား‌တဲ့တံခါးကြိးပွင့်လာပြီး  အမိန့်အပြည့်ပေးထားတဲ့ လူတစ်ခု ထွက်ခွာလို့ သွားတယ်။
သူတို့က Tanatos မှထွက်ခွာသွားသောနိုင်ငံ‌ ကိုယ်စားလှယ်အဖွဲရဲ့တစ်စိတ်တစ်ပိုင်းလဲဖြစ်တယ်။

“သင့်တို့ကို သင့်တော်တဲ့ ဧည့်ခံပွဲ မပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။ အခြေအနေတွေ တည်ငြိမ်ပြီးရင် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါ့မယ်။”

မာနကြီးသော Tanatos ဧကရာဇ်ကဒုက္ခရောက်နေသော လူမျိုးစု‌ ‌ေတွရဲ့ခြင်္သေ့များကို ဒိနေရာက နှင်လွှတ်ရန်စုရုံးစေခဲ့တယ်။

(ခြင်္သေ့များ....နိုင်ငံတကာလူမျိုးစုတွေရဲ့ ကိုယ်စားလှယ်ခေါင်းဆောင်တွေကို ရည်ညွှန်းတာပါ)

ကိုယ်စားလှယ်အဖွဲ့က စင်တီကာရေလက်ကြားတွင် ကုန်သွယ်ရေးသဘောတူညီချက်အတွက် လအတန်ကြာ ပြင်ဆင်ခဲ့ကြတယ်။

ခုနစ်နိုင်ငံ အကျိုးစီးပွားအတွက် အရေးကြီးသော တွေ့ဆုံပွဲဖြစ်ခဲ့သော်လည်း အင်ပါယာ၏ ဧကရာဇ်ဘုရင်က ဒါကို စိတ်မဝင်စားသကဲ့သို့ သူတို့အား နှင်ထုတ်ခဲ့တယ်။
ဒါဟာ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်တဲ့ နိုင်ငံခုနစ်နိုင်ငံကို လှည့်ဖြားတဲ့ လုပ်ရပ်ပဲ။

Tanatos က ဘယ်လောက်ပင် တန်ခိုးအင်အားကြီးသည်ဖြစ်စေ နိုင်ငံ ခုနစ်နိုင်ငံက တန်းတူ မိတ်ဖက်တွေ ဒါ့မဟုတ် မဟာမိတ်တွေပဲ ။သူက ဘယ်လိုတောင် ဂုဏ်မောက်ပြိး မာနကြီးနိုင်မှာလဲ ။

နိုင်ငံအသီးသီးမှ သံတမန်များ အားလုံး ဒေါသအမျက်ထွက်ကြတယ်
တိုင်းပြည်ရဲ့ အခြေ အနေတွေ ဒီလောက် မငြိမ်မသက် ဖြစ်ခဲ့ရင် သူတို့ တည်းခိုပြီး စရိတ်စက အကုန် ပြန်ပေးရလိမ့်မယ်။
ဧကရာဇ်ထက် သူတို့နှင့် ပိုနီးစပ်သော ဧကရီကို နှင်ထုတ်ခြင်းက သံတမန်အားလုံးအတွက် အထူးတုန်လှုပ်ဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်။
တော်တော်များများက ဧကရိနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပေမဲ့ ဧကရာဇ်မင်းရှေ့မှာတော့  ခါးခါးသီးသီး ညည်းညူလုနီးပါးပါပဲ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now