CH (67).....မင်းကိုလွမ်းတယ်

400 22 0
                                    


Tamon မှာ အသက်စွမ်းအားရှိသော်လည်း နာကျင်မှုကိုမခံစားရဘူးလို့မဆိုလိုဘူး‌‌ေလ။
သူ့မှာ လူ့ခန္ဓာကိုယ်လည်း ရှိပြီး သူ မြန်မြန်ပြန်ကောင်းလာနိုင်ပေမယ့် နာကျင်ကိုက်ခဲမှု မရှိဘဲ ဘီလူးရဲ့ ပြင်းထန်တဲ့ အဆိပ်ကို ခံနိုင်ရည်ရှိရမယ်လို့ မဆိုလိုပါဘူး။
စံအိမ်ကြီးရဲ့ ဟိုးအရင်ခေတ်တွေတုန်းက ဒီလိုမျိုး မိုက်မဲတဲ့ အချိန်တွေရှိကောင်းရှိနိုင်တယ်။
အထပ်ထပ် ဆွဲစုပ် မျိုချကာ အံကို ကြိတ်ရင်း သွေးတွေကိုတံတွေးနဲ့ ထွေးထုတ်ပစ်လိုက်တယ်။
တစ်ဝက်ကျော်စုတ်ပြဲနေသော သူ့လက်မောင်းသည် သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရတော့ Jorge  စိတ်ပူတာသက်သာသွားရတယ်။

ခဏအကြာတွင် ဒါကဗိမာန်တော်မှ သန့်ရှင်းသောရေကြောင့်လို့ နောက်ဆုံးတွင် အကြောင်းပြချက် ပေးခဲ့သည်။  တုံးအတဲ့Jorge ကတော့ သံသယများစွာမရှိဘဲ ယုံကြည်နေပုံရသည်။
ဒဏ်ရာတွေဆီက ရေယုန်အဆိပ်ကို သူစွန့်ထုတ်လိုက်ပေမဲ့ နေ့ရောညပါ နာကျင်လာခဲ့တယ်။။
နာကျင်ကိုက်ခဲမှုကြောင့် နန်းတော်သို့ ရောက်ရှိလာခဲ့သည်။
ချက်ချင်းပဲ ရေချိုးခန်းထဲဝင်သွားပြီး ရေနွေးစိမ်လိုက်တယ်။ အိမ်ကြီးနားကို ရောက်ကတည်းက သူ့စိတ်တွေ ပူလာခဲ့သည်။ သူ့ခန္ဓာကိုယ်က Roselyn ကို ရှာဖွေနေခဲ့တယ်။
အပူက သူ့ကို လွှမ်းသွားတယ်လို့ ခံစားရတဲ့အခါ သူမရောက်လာခဲ့တယ်။
သူ့ ပင်လယ်‌............
ရေခဲထက်လဲ ပိုလှသည်၊ နေထက်လဲ ပိုပူတဲ့ သူမသာ သူ့ရဲ့ အထင်ကရ ဖြစ်လာခဲ့သည်။
သူမ၏နှုတ်ခမ်းအတွင်းပိုင်းသည် ချိုမြိန်သောအိုအေစစ်တစ်ခုလိုဖြစ်ပြီး သူမ၏အတွင်းသားသည် သူ့ဗိုက်ကိုအာဟာရဖြည့်ရန်အတွက် အဖိုးတန်အစာလိုပင်။

“ငါ့နာမည်ကို ခေါ်ပါ။ လုပ်ပါ……!"

Tamon က မောဟိုက်နေတဲ့ အသက်ရှုသံကို မျိုချလိုက်ပြီး သူမကို ဆက်တိုက်တွန်းထိုးလိုက်တယ်။ ရေချိုးခန်းထဲက ရေတွေက  အသံထွက်လို့လာတယ်။
သူမကို လက်နှစ်ဖက်စလုံးနဲ့ ဘယ်လောက်ပဲ ပွေ့ဖက်ထားပါစေ သူမရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကြောင့် လုံလောက်ပုံမပေါ်ပါဘူး။
သူမကို သူ့လက်ထဲမှာ ချုပ်နှောင်ဖို့ ကြိုးစားရင် စမ်းချောင်းထဲက သဲတွေလို လွင့်သွားမှာကို သူကြောက်မိတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now