Ch(32)... တောက်ပသော ငွေရောင်ဆံပင်နှင့် ခရမ်းရောင်သလင်းကျောက်မျက်၀န်းများ

487 34 0
                                    


“အရှင်ပြောတာကို ကျတော်မကြားချင်ယောင်ဆောင်လိုက်မယ်။ ကျတော့နားကိုတော့ အခုဆေးရလိမ့်မယ် ထင်တယ်"

“မင်းရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး မင်းကကောလဟာလတွေ ပြောသလိုမျိုး မဟုတ်တာ သေချာတယ်။ အင်း အ့ဒါကောင်းတယ်….”

ရှင်ဘုရင်က သူကိုင်ထားခဲ့တဲ့ တံခါးလက်ကိုင်ကို လွှတ်လိုက်တယ် ။
မင်းလုပ်ချင်တာကို လုပ် လို့ ပြောသလိုပဲ လေထဲမှာ လက်တွေကို မြှောက်ပြီး နောက်ပြန်ဆုတ်ပြီး ကြေကွဲတဲ့ အသံနဲ့ သူမကပြောလိုက်တယ်။

"ငါက ဘုရင်ပါ ၊ ဒါပေမယ့် မင်းရှေ့မှာဆို ငါက ဘုရင်မဟုတ်‌ေတာ့သလို့ ထင်ထားမိတော့ ငါ့မာနကို ထိခိုက်စေတယ်"

“မဖြစ်နိုင်ပါဘူး အရှင်မင်းကြီး။ အရှင်က တခြားသူတွေထက် ပိုရိုးသားတယ်လေ "

“မဟုတ်ဘူး၊ အဲဒါက နိမိတ်လက္ခဏာမဟုတ်ဘူး၊ ဒါကြောင့် ငါပြောမယ်- မင်းက ဒီအခွင့်အရေးကို ဘာလို့မယူဘဲ ဘာလို့ ငါ့အခန်းထဲကို မဝင်တာလဲ။ ဗိုလ်ချုပ်နဲ့ ငါဆို တော်တော် ကောင်းတဲ့ စုံတွဲ ဖြစ်လာမယ်ထင်တယ်။”

"ဒါက အရမ်းကောင်းတဲ့ အဆိုပြုချက်ပဲ၊ ဒါပေမယ့် အရှင့်ကို ကျတော့ရဲ့ စိတ်ရင်းမှန်နဲ့ ငြင်းဆိုမှုကို ပေးပါရစေ"
(အေ့လေ သူချစ်ချစ်ရေခဲတုံးကြိးရှိနေတာကို )

Theo နှင့် Tamon တို့က ကိုးနှစ်သားအရွယ်ကတည်းက တူညီသော အကယ်ဒမီတွင် လေ့ကျင့်သင်ကြားခဲ့ကြတာ ။
ထိုအချိန်တွင်၊ Amor တော်ဝင်မိသားစုက ၎င်းတို့၏မင်းသားများနှင့် မင်းသမီးများကို ထီးနန်းဆက်ခံရန် ဆုံးဖြတ်ပြီးသည်အထိ မြင့်မြတ်သောသားသမီးများနှင့်အတူ အကယ်ဒမီတွင် လေ့ကျင့်သင်ကြားခဲ့ကြတယ် ။
၎င်းတို့ကို အမည်အသစ်များပေးကာ ၎င်းတို့အား ဝေးကွာသောဒေသခံ မှူးမတ်များ၏ သားသမီးများသဖွယ် ဖြစ်စေကာ မြင့်မြတ်သောလူ့အဖွဲ့အစည်းတွင် နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းခဲ့တယ်။
ထို့နောက် ၁၃ နှစ်သားရောက်မှ  သူတို့ကိုယ်သူတို့ မင်းမျိုးမင်းနွယ်များဖြစ်တာကို ထုတ်ဖော်လာခဲ့ကြသည်။

Tamon၊ Ronasso နှင့် Theo တို့က ထိုအချိန်ထဲက ရင်းနှီးကြတယ် ။
ထိုအချိန်တွင် Theoransha Lantifu က ဘုရင်၏ ငါးယောက်မြောက်ကလေး ဖြစ်တယ် ။
သူမ အောက်မှာ နောက်ထပ် ညီအစ်ကို နှစ်ယောက်ရှိပြိးအားလုံး မွေးချင်း ခုနစ်ယောက်ရှိတယ်။
ဆက်ခံသူအများအပြားကြားကနေ သီအိုက ဂုဏ်ယူစွာ ထီးနန်းကို သိမ်းပိုက်ခဲ့တယ်လေ ။
အကြီးမားဆုံး အောင်မြင်မှုမှာ သူမသည် Tamon နှင့် Ronasso တို့နှင့်အတူ လုပ်ဆောင်ခဲ့တဲ့ Kashan တိမ်တိုက်ပင်လယ်ဓားပြများကို သုတ်သင်ရှင်းလင်းခဲ့ပြီး Tanatos မှ ခိုးယူသွားသော နိုင်ငံတော်ဘဏ္ဍာကို ပြန်လည်ရယူ‌ေပးခဲ့ခြင်းဖြစ်သည်။
သူမသည် ရိုဟီကန် ကျူးကျော်မှုကိုလဲ ရပ်တန့်ကာ ပြန်ပေးဆွဲခေါ်ဆောင်သွားသည့် အငယ်ဆုံးမင်းသားကိုလြ ကယ်တင်ပေးခဲ့သေးတယ်လေ ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now