CH(47).... သူမ မသိဘူး

285 23 0
                                    


အိုး!

ခဏတာ မှုန်ဝါးဝါး ဖြတ်သွားသော မိုးသက်မုန်တိုင်း။
လေတိုက်သလား၊ မိုးရွာသလား မပြောနိုင်တဲ့ အသံတစ်ခုက Tamon ရဲ့ အိမ်ကြီးတဝိုက်ကို လွှမ်းမိုးသွားတယ်။
အသံက အရမ်းညံနေတော့ ခဏလောက် နားထောင်လိုက်ရင် မိန်းမတ‌ေယာက်ငိုနေသလိုမျိုးထင်ရတယ်။
စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း Tamon သည် ပြတင်းပေါက်မှ အနက်ရောင် ကင်းစင်နေသော ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
ထိုကဲ့သို့ အေးစက်သော လေသံကို ယခင်ကလည်း ကြားခဲ့ဖူးသည်။
Tanatos ၏ ပြင်းထန်သော နှင်းလေသံကဒီ့ထက်ပင် ပိုကြမ်းတမ်းခဲ့တယ်လေ။
အာ့တာက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ခဲ့တာများလား။
တစ်စုံတစ်ယောက် ငိုနေပြီထင်လို့ သူတကယ်ပင် ဆွံ့အသွားခဲ့ရသည်။
သူက ထောင့်စွန်းမှာ ငိုကြွေးနေတဲ့ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်ကို အနှောက်အယှက်ဖြစ်မယ့် သူ မဟုတ်တာတော့ သေချာပါတယ်။
အာ့အစား တစ်စုံတစ်ယောက်က သူ့ကို ဖမ်းမှာကို စိုးရိမ်လို့ သူ အလျင်အမြန်ထွက်သွားခဲ့တယ်။
မှူးမတ်တွေကို ရှောင်ဖို့ကြိုးစားရင်း လျှို့ဝှက်တွေ့ဆုံမှုတစ်ခု လုပ်နေတဲ့ ချစ်သူစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။
သူ လမ်းမှားရောက်လာပြ သူတို့ကို မမြင်ချင်ယောင်ဆောင်ကာ အာ့လမ်းက‌ေနထွက်လာခဲ့သည်။
Tamon ပင်မနန်းတော်ရဲ့ အတွင်းကျသောနေရာကို ဝင်ရောက်လာခဲ့သည်။

တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ ကြိုးစားနေပေမယ့် ငွေရောင်ဆံပင်တို့ ရိပ်ကနဲ ဖြတ်သွားတာ သူ့ကို ဖမ်းစားလိုက်တယ်လေ။
နေရာတိုင်းတွင် ထိုအသံသည် ငွေရောင်ဆံပင်ရဲ့ပတ်သတ် တိုက်ဆိုင်နေလိမ့်လို့ထင်ခဲ့တယ်။
သူမ ငိုသံလားလို့ သူ တွေးမိတယ် ။
Tanatos ၏ဧကရီအသစ်။
ယခင်ဧကရာဇ်မင်းမြတ် ကွယ်လွန်ချိန်၌ ဧကရာဇ်မင်းမြတ်၏ တစ်ပါးတည်းသော သားတော်ရဲ့ ဧကရီအဖြစ် အဓမ္မခိုင်းစေခံခဲ့ရသော အမျိုးသမီး ။
စူးစမ်းလိုစိတ်က သူ့ကို အရိပ်အမြွက်ပြ‌ေနတယ် ။
ပွဲရုံနဲ့ မလှမ်းမကမ်းက လျှို့ဝှက်လှေကားထစ်မှာ တစ်ယောက်ယောက်က ရပ်နေတယ်။သူ့အထင်မှန်တယ်။ ဒါဟာသူမပဲ ။Tanatos ၏ဧကရီဘုရင်မသည် နှင်းများကျနေသော ကောင်းကင်ကို မော့ကြည့်ကာ ရပ်လို့နေတယ်။
သူမကနှင်းတွေကျနေတဲ့ ကောင်းကင်ကြီးကို ခဏလောက်ကြည့်တယ်။ နီရဲပြီး အေးစက်နေတဲ့ မျက်နှာလေးကို သူမြင်လိုက်ရတယ်။
သူမငိုနေတယ်ထင်ပေမယ့် အဲဒီအသံက ငို‌ေနတာမဟုတ်ဘူး၊ သီချင်းဆိုနေခဲ့တာပဲ။
သိချင်ညည်းဆိုခြင်းက သူတစ်ခါမှ မကြားဖူးသော ရိုးရာ Tanatos သီချင်းလဲဖြစ်သည်။
ကလေးငယ်များ သီဆိုမည့် တေးသွားသည် ပါးလွှာသော အသံမှတဆင့် ငြိမ်သက်စွာ ပဲ့တင်ထပ်လို့နေသည်။
အကြောင်းတစ်ခုခုကြောင့် Tamon သည် သူ့ရှေ့ရှိပုံရိပ်လွှာလေးပေါ်က‌နေ မျက်လုံးများကို မခွာနိုင်။
ဧကရာဇ်မင်းဘေးမှာ ရပ်နေတဲ့ အမျိုးသမီးဟာ အေးခဲပြီး မာကျောတဲ့ ရေခဲတုံးတစ်ခုလိုပါပဲ၊အားလံုးရဲ့နောက်မှာ တစ်ယောက်တည်း ရပ်နေတဲ့ အမျိုးသမီးကတော့ နေရောင်အောက်မှာ ရပ်နေတဲ့ နှင်းလူသားတစ်ယောက်လိုပါပဲ။
နေရောင်ထဲတွင် ဖြည်းညှင်းစွာ အရည်ပျော်နေသော နှင်းသားတစ်ယောက်ကဲ့သို့ အန္တရာယ်များပြီး ချစ်စဖွယ်ကောင်းလို့နေတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now