Chapter 5. ဒါက ဘယ်လိုဖြစ်သွားခဲ့တာလဲ။?

1.1K 59 0
                                    

ကပွဲရုံတံခါးပွင့်လာပြီး ဧကရီ ပေါ်လာ‌ေတာ့ ဧကရာဇ်က သူ့ကိုယ်သူ စဉ်းစားကာ
'ဒါက ဘယ်လိုဖြစ်သွားခဲ့တာလဲ'
ဟုတ်တယ်၊ ဧကရီက Tanatos ရဲ့ နောက်ထပ်နေမင်းဆိုတာ မှားကောင်းမှားနိုင်တယ်။

(*နေမင်းသည် အုပ်စိုးရှင်ကိုပြောတာပါနော်)

Tanatos အင်ပါယာတွင် နေနှစ်စင်းရှိတယ်။
တစ်ယောက်က အစ်ကိုအကြီးဆုံး မတော်တဆသေဆုံးပြီးနောက် မထင်မှတ်ဘဲ ဧကရာဇ်ဖြစ်လာခဲ့တဲ့ Gillotti Tanatos နဲ့ နောက်တစ်ယောက်ကတော့ Tanatos အင်ပါယာကို ရှာဖွေတွေ့ရှိခဲ့တဲ့ Sunset မိသားစုရဲ့ ဧကရီ Roselyn V Sunset တို့ဖြစ်တယ်။

ဧကရာဇ်ငယ်က တောက်ပပြီး ရဲရင့်ပေမဲ့ နိုင်ငံ့ရေးရာများတွင် မိုက်မဲတယ်။
သူက နေလို လှပသော ရွှေရောင်ဆံပင်၊ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် ချစ်စရာကောင်းသော အပြောအဆိုများ ရှိသော်လည်း အရည်အချင်း မပြည့်မီပေ။

အိမ်ရှေ့မင်းသား၏ အရည်အချင်းကို သိရှိတဲ့ ယခင်ဧကရာဇ်မင်းက နိုင်ငံခြားရေးဝန်ကြီးအား သူရဲ့သမီးကို အိမ်ရှေ့စံမိဘုရား တင်မြှောက်ခွင့်‌ေပးဖို့ တောင်းဆိုခဲ့တယ်။
Sunset မိသားစုသည် Tanatos အင်ပါယာကို စတင်တည်ထောင်ချိန်မှစ၍ ဧကရာဇ်မိသားစုကို ပံ့ပိုးပေးသော အုပ်စိုးရှင်မိသားစုများလဲဖြစ်တယ်။

သူတို့ရဲ့ စွမ်းအားကို မပြောရင်တောင် ပြည်သူတွေက သူတို့ကို အလွန်ငြူစူခဲ့ကြတယ်။
ဒီမိသားစုက အရင် ဧကရီများနှင့် ကြီးကျယ်ခမ်းနားသော ဘုရင်မများကိုသာမက သမိုင်းစာအုပ်များတွင်ပါ ကျန်ခဲ့သော အရေးပါသော အရာရှိများစွာကိုလည်း မွေးထုတ်ပေးခဲ့တယ်။
နိုင်ငံခြားရေးဝန်ကြီး၊ မြို့စား Sunset ၏သမီး Roselyn သည် ၎င်း၏ဖခင်နှင့်အတူ နိုင်ငံတော်ရေးရာများကို နှစ်အတော်ကြာ တာဝန်ယူခဲ့သည့် အရည်အချင်းရှိသော သမီးတစ်ဦးလည်းဖြစ်တယ်။

သူမ စိုးစံစဉ်ကာလအတွင်း၊ Roania ဒေသသည် သာယာဝပြောပြီး ဆင်းရဲတွင်းနက်ခဲ့ရသည့် အနုပညာရှင်များကို ရှာဖွေတွေ့ရှိကာ အံ့သြဖွယ်ကောင်းသော လက်ရာများစွာကို ဖန်တီးပေးခဲ့တယ်။
သူမသည် နည်းပညာကို စိတ်အားထက်သန်စွာ စိတ်ဝင်စားပြီး နွမ်းပါးသော အင်ဂျင်နီယာများနှင့် ပညာရှင်များ၏ ပံ့ပိုးကူညီမှုတွင် ရက်ရောစွာ လုပ်ဆောင်ခဲ့တယ်။

မိဘုရား ခိုးတာဘယ်သူလဲTempat cerita menjadi hidup. Temukan sekarang