Chapter (14.).....သူ့နယ်ပယ်သို့

812 54 0
                                    


**(ဒါဒါတို့ စိတ်မပျက်ရတော့ပါဘူးနော် လင်မယားနှစ်ယောက်ရဲ့ တင်းမာမှုတွေက ဒီကမ္ဘာကနေ ထွက်သွားပြီး  Tamon ရဲ့ အခြားတစ်ဖက် အကြောင်း‌ေတွကို သိလာရတော့မို့လေ။)***

***

ရာနှင့်ချီသောလူများက Tamon ပြန်လာတဲ့ခရီးကို ကြွေးကြော်အားပေးနေကြတယ်။

"ကြီးမြတ်တဲ့ Tamon !"

မစ်ရှင်တစ်ခုပြီးသွားလို့ စစ်ပွဲကပြန်လာတဲ့လူတွေကို ကြိုဆိုနေသလိုမျိုး သူတို့ရဲ့ အဆုတ်အထွတ်ထိပ်ထိကို  သူ့နာမည်ကို အော်ခေါ်လို့နေကြတယ်။
တဟုန်ထိုးတက်လာသော လူအုပ်ကြီးက ထိန်းမနိုင်သိမ်းမရနိုင်လောက်အောင်ပဲ။
အားပေးနေသော လူအုပ်ကို စိုက်ကြည့်ရင်း Roselyn ရဲ့ အဖျားကြီးနေသော မျက်လုံးများက ကျဉ်းမြောင်းလို့သွားတယ်။

'လူတွေ အများကြီးပဲ။ ကျမနေလို့မကောင်းဘူး…'

ဂိတ်ပေါက်ဝသို့ ဝင်လိုက်သည်နှင့် ကိုယ်စားလှယ်အဖွဲ့ဆီကို သူတို့တွေ  ပြေးသွားကာ သူတိုမျက်နှာများက ရွှင်မြူး‌မှုတွေ နှင့် ပြည့်နှက်လို့နေတယ်။

“လူအုပ်များတယ် ။ မြဲမြဲကိုင်ထား၊ မင်းကိုယ်နဲ့ကွဲသွားရင် မင်းဆန္ဒရှိတဲ့အတိုင်း ချက်ချင်းသေသွားနိုင်တယ်"

Tamon ပြောတာ အမှန်ပဲ။ Roselynသာ သူ့ကို လွှတ်လိုက်မယ်ဆိုရင် သူမကို လူတွေ နင်း လို့ သတ်ခံရမှာ အသေချာပဲ။ သူမ အော်တောင် အော်နိုင်လိုက်မှာမဟုတ်ဘူး။

'အဲဒါကောင်းမယ်ထင်တယ်။'

Tamon က Roselyn ရဲ့ ခါးကို သူ့လက်တွေနဲ့ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တယ်။ သူ့လျှာကို တချက် စုတ်ထိုးကာ

"မင်းကတော့ ဘာပဲဖြစ်ဖြစ် လုပ်လိမ့်မယ်မလား"လို့

Roselyn  နားထဲသို့ တိုးညှင်းသော အသံဖြင့် ညည်းတွားလိုက်တယ်။
Roselyn ပြုံးလိုက်မိတယ်။
ထိုအပြုံးက ဖျတ်ခနဲသာဖြစ်ပြီး၊ သေခြင်းမှ ပြန်လည်နိုးထလာတဲ့သူမရဲ့ ပထမဆုံးသော အပြုံးဖြစ်တာကို သူမ သတိမထားမိဘဲ ဖျတ်ခနဲ ပြုံးလိုက်မိတယ်။

တစ်ချိန်လုံး လူအုပ်ကို စောင့်ကြည့်နေခဲ့သော Tamon က မြင်းဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကာ

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now