CH(86)....မှန်ကန်တဲ့ ပိုင်ရှင်

175 10 0
                                    


နောက်တစ်နေ့ မိုးလင်းလာတဲ့အခါ နန်းတော်ကနေ သံတမန်တစ်ဦး ရောက်လာခဲ့သည်။မှောင်ရီတို့ပျောက်ကာ မိုးလင်းကာစပြုနေယုံသာရှိ‌ေသးတယ်။
သာမန် မှူးမတ်တို့ နိုးထလာရုံရှိသေးတဲ့ တစ်နာရီအတွင်း သတင်းပို့သူဟာအလျင်မြန် ရောက်လို့လာခဲ့တယ်။

“……ဘုရင်မင်းမြတ်က သူ့ကို အခုတွေ့ချင်နေတာလား”

"ဟုတ်ကဲ့၊ ဗိုလ်ချုပ်ကိုအခုလိုက်လာစေချင်‌‌ေနတယ်"

ဘုရင့်သတင်းပို့သူက  ဧည့်ခန်းတွင်ရပ်နေကာ သူမပါဘဲ ထွက်သွားမဲ့ပုံမ‌ေပါ်ပေ။ဒါပေမယ့် Tamon ကတော့ အလျင်လိုမနေခဲ့ပါဘူး။
အိပ်ပျော်နေဆဲဖြစ်သော Roselynဆီကို သူသွားလိုက်တယ်။
မနက်ခင်းနေရောင်အောက် ဖြူဖွေးနေတဲ့ ခေါင်းအုံးပေါ်မှာ ငွေရောင်ဆံနွယ်တို့က ပြန့်ကျဲလို့နေတယ်။Tamon သည် Roselyn ၏ အိပ်ပျော်နေသော မျက်နှာကို ခဏကြည့်‌ေနပြီးနောက် သူမလက်ဆန့်ထုတ်လိုက်တယ်။

သူသည် သူမ၏ ပန်းနုရောင် ပါးပြင်‌ေလးကို ညင်သာစွာ ပွတ်သပ်လိုက်တယ်။
သူ့လက်ချောင်းတွေအောက်က အရေပြားရဲ့ ခံစားချက်က နူးညံ့လွန်းတာကြောင့် သူ့ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေတယ်။
ဒီခေါင်းကိုက်စရာလေးတွေကြောင့် သူမဘာတွေတွေးနေမှန်းမသိပေမယ့် မနေ့ညက လွက်လာချိန်ထိတော့ Roselyn ဟာ သူ့စာကြည့်‌ေဆာင်က‌ေနပေါ်မလာခဲ့ပါဘူး။
သူ စောင့်ဆိုင်းပြီး စောင့်ခဲ့သော်လည်း သူမ တတ်မလာခဲ့တာကြောင့် ညသန်းခေါင်ကျော်သည်အထိ မလာခဲ့ဖို့ပြောတဲ့ သူမစကားကို လျစ်လျူရှုပြီး အောက်ထပ်သို့ ဆင်းသွားခဲ့တယ်။
Asha က ဆိုဖာပေါ်တွင် တိုး၀င်လျက် အိပ်ပျော်လို့နေသည်။

သူမသည် အလွန်သေးငယ်ပြီး နုနယ်လွန်းတာကြောင့် သူ့လက်တစ်ဖက်တည်းနဲ့တောင် အံဝင်ခွင်ကျဖြစ်နေတယ်လို့တောင် ခံစားရတယ်။

သူမသည် ဤသေးငယ်ပြီး ပျော့ပျောင်းသောပုံပေါက်နေသော်လည်း သူမကိုင်ဆောင်ထားရတဲ့ ကမ္ဘာကြီးက ကြီးမားပြီး ခိုင်မာလွန်းသည်။
သူမက သူ့ကို ဆွဲခေါ်သွားပြီး အခုချက်ချင်း ရူးသွပ်သွားစေတယ်။

ဖြစ်နိုင်လျှင် သူသည် သူမကို သူ့ရင်ခွင်ထဲတွင်သာ သော့ခတ်ထားပြိး သူမကို သူ ပြသချင်တဲ့အရာများကိုသာ မြင်ခွင့်ပေးကာ သူပြောပြချင်တဲ့ စကားလုံးများကိုသာ ကြားစေချင်တော့တယ်။
အနစ်နာခံမှုဆိုတာကို မသိတဲ့ ၊အလေးမထားတတ်တဲ့ လောကကြိးမှာ သူမ မနာကျင်စေချင်တာကြောင့် တွင် သူမကို ထာဝစဉ်ကာကွယ်ရန် တိုက်တွန်းချက်တွေက သူ့ကို အချိန်တိုင်း နှိပ်စက်လို့နေတယ်။
အာ့သလိုမဟုတ်ရင် ဒီအမျိုးသမီးက သူမဘဝရဲ့ အဓိပ္ပါယ်ကို ထပ်ပြီး ဆုံးရှုံးသွားနိုင်တယ်။
သူမက နောက်တစ်ကြိမ် မတွေးဘဲ သူမအသက်ကို စွန့်ပစ်တော့မည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now