CH (36)

415 25 2
                                    

"မင်း ကိုယ့်ရှေ့မှာ လုပ်လို့ရပေမယ့် တခြားနေရာမှာတော့ မလုပ်ရဘူး။"

"…ဘာလဲ?"

Tamon ၏ နှုတ်ခမ်းများက သူမပါးပြင်ကို ညင်သာစွာ ဖက်တွယ်လို့ထားသည်။ ကြီးမားပြီး ခိုင်ခံ့သောလက်သည် Roselyn ၏ ခေါင်းနောက်ဘက်ကို ပတ်လို့ထားသည်။
သူ့အသံက အရင်က သူမကို နှောင့်ယှက်တဲ့ အသံနဲ့ မတူဘဲ လေးနက်ပြီး ငြိမ်သက်နေတယ်။

"ကိုယ် မင်းကို ဘယ်တော့မှ ပြိုလဲတာမျိူး ထပ်မတွေ့ချင်တော့ဘူး။"

“…”

ထိုယောက်ျား၏ ထူထဲပြိး အရသာရှိသော နှုတ်ခမ်းများသည် သူမ၏ပါးပြင်ပေါ်သို့ ကျရောက်လာခဲ့ပြီး သူမ၏ နှုတ်ခမ်းဆီသို့ ရွေ့လျားသွားသည်။

“ဒါကိုမှတ်ထား ။ မင်းဒေါသကို ထိန်းမထားပါနဲ့။ ဒေါသနဲ့ ဆဲဆိုရင်‌ေတာင် အဆင်ပြေတယ်။ မင်းဒါကိုလုပ်နိုင်တယ်။"

နှေးကွေးတဲ့ အနမ်းကို ခံယူရတာက အလွန်ကိုမရင်းနှီးလှဘူး။
Roselyဒါကို အသုံးမချဘူးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ သူမ၏ ခန္ဓာကိုယ်က ပို၍ အေးခဲသွားခြင်းကြောင့်လဲ ဖြစ်နိုင်ပါသည်။
အသက်ရှုဖို့ မေ့သွားသလို သူမနှလုံးက တဖြည်းဖြည်း ခုန်လာသည်။
Tamon က တိုးတိုးလေးနမ်းရုံကလွဲလို့ ဘာမှလုပ်မပေမယ့်လဲ Roselyn က သူမခေါင်းကို တစ်ခုခုနဲ့ ထိသွားသလို မျိုးခံစားရတယ်။ဒီလူကအဆိပ်ရှိသော အပင်ပါပဲ။
မွှေးပျံ့ပြီး စိမ်းလန်းစိုပြေမှုက သူမကို စွဲလန်းစေတယ် ။
ဒါပေမယ့် သူမသာမျိုချမိလိုက်ရင် ဘာဖြစ်သွားမလဲ။

Roselyn သည် Tamon ၏ မျက်လုံးများကို ကွက်ခနဲ စိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးများသည် အနီရောင်မီးတောက်များ နှင့် တောက်ပလို့နေ၏။ ချက်ချင်းပင် သူမကို လောင်ကျွမ်းသွားစေသလိုမျိုး ပူလောင်ပြင်းပြလာသည်။
သူမ သူ့ကိုကြည့်ရင်း ဖြည်းညှင်းစွာ အသက်ရှူသွင်းရင်း Tamon ကလှုပ်ရှားသွားသည်။
သူသည် မြွေတစ်ကောင်လို ပျော့ပျောင်းလျှော့ချကာ နီးကပ်လာပြီး သူ့နှုတ်ခမ်းများကို သူမနှင့် တွဲလို့ထားသည်။
သူတို့ရဲ့ အသက်ရှုသံတွေက ရောယှက်သွားပြီး နှုတ်ခမ်းတွေလဲ ပွင့်လို့သွားတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now