CH(91)....... ပုံစံတူ

135 12 0
                                    


'မင်း နာကျင်​​နေမှန်း ငါမသိခဲ့ဘူးပဲ..........'

နောက်ဆုံးတော့ Cassion က Tamon ရဲ့မျက်လုံးထဲမှာ တကယ်ရှိချင်‌ေနခဲ့တာဖြစ်မယ်။

'အဲဒါက အစ်ကို့ကို တောင့်တနေတာလား'

Roselyn အာ့တာကို တွေးကြည့်မိတော့ Cassion ၏ ရိုင်းစိုင်းမှုတွေက သူ့အစ်ကိုဆိက ဂရုစိုက်မူရဖို့ကလေးတစ်ယောက်လို လုပ်‌ေိတာကို သူမ ခံစားလိုက်ရသည်။
သူသည် အခြားသူများကို ထိခိုက်မိ‌ေစရုံမှတပါးဘယ်လိုလုပ်ရမှန်းမသိတဲ့ ကလေးတ‌ေယာက်လိုပဲ။
ဒီအစ်ကိုက ဘယ်လိုတောငါ လိမ်သွားတတ်ရတာလဲ။
Asrell က Cassion အကြောင်း အနည်းငယ်ပြောပြပေမဲ့ အာ့တာက အပြည့်အစုံမဟုတ်ခဲ့ဘူးပဲ။
Roselyn သည် Tamon ၏ မိသားစုရာဇဝင်ကို စိတ်ဝင်စားသွားပြီး ၎င်းကို သိချင်သော်လည်း သူမ၏နှလုံးသားက ထူးဆန်းသောပုံစံဖြင့် တုန်လှုပ်သွားခဲ့သည်။
ဒါက စပ်စုခြင်းသက်သက်ပါပဲ။
ဟုတ်တယ်။ကိုယ်ရေးကိုယ်တာမိသားစုကိစ္စကို မစပ်စုဘဲ ဖော်ထုတ်တာက အလွန် မိုက်မဲတာပဲဖြစ်လိမ့်မည်။

သူနဲ့ မနီးသင့်ဘူးလို့ ဘယ်နှစ်ခါ‌ပဲ ထပ်ခါထပ်ခါ ပြောနေပါစေ သူမစိတ်က သူလိုချင်သလောက် မထိန်းထားနိုင်ခဲ့ဘူး။

"မင်းက ငယ်ငယ်ကတည်းက နေမကောင်းဘူးလို့ ငါကြားမိတယ်။"

“အိုး အမ်။ ငါအခုအဆင်ပြေပါတယ်။ ငါ့အစ်ကိုလောက် မသန်မာပေမယ့် သမုဒ္ဒရာထဲမှာ ရေကူးရင်း အဆုတ်ရောင်ရောဂါ မဖြစ်တော့လောက်အောင် ကြံ့ခိုင်နေပြီ‌ေလ”

Roselyn သည် သူမသတိရမိသွ။းသည့်အတိတ်ကြောင့် ခေါင်းယမ်းလိုက်မိသည်။

“အစ်ကို့ပေးတဲ့ဆေးက အရမ်းထိရောက်တယ်။ အဲဒါ‌ေကြာင့်မဟုတ်ရင် ငါကဖျားနေတဲ့ကုတင်ပေါ်မှာပဲ လှဲနေရလိမ့်မယ်။”

"ဆေး?"

တွေးကြည့်မှ Cassion ရဲ့ မူလရည်ရွယ်ချက်က ဒီအိမ်ကြီးကို ဆေးယူဖို့လာတာပဲ။

“အာ့‌ေဆးက အံ့သြစရာကောင်းတယ်။ အသက်ထက်၀က်လောက်ကို အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့သူတွေတောင် ခုန်ထပြီး လမ်းလျှောက်နိုင်တဲ့ ဆေးတစ်မျိုး‌ေလ”

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now