Ch(28) အမည်သစ်

451 36 0
                                    

Roselyn  ထမင်းစားပြီးတော့ သူမ ထိုနေရာတွင် ခဏထိုင်ကာ သမုဒ္ဒရာကြီး ကို ဆက်ကြည့်နေခဲ့တယ်

အေးမြသောလေနုအေးတို့က သူမ၏ဆံနွယ်များကို ဖြတ်တိုက်ကာဝင်ရောက်လာတယ် ။
ဒီလိုပေါ့ပေါ့ပါးပါးအ၀တ်အစားမျိုးတွေဝတ်ရတာ ဒါပထမဆုံးအကြိမ်ပဲ။သို‌ေသာ် ဒါက လုံးဝကိုအေးတယ်လို့ မခံစားရဘူးလေ ။
ပါးလွှာသော အထည်အောက်ရှိ အရေပြားပေါ်မှ လေတိုက်ခတ်မှုကိုလဲ သူမ ခံစားလို့ရနိုင်‌ေနတယ် ။ Roselyn  သူမ၏ လက်မောင်း များကို ထိလိုက်တယ် ။
သူမဘေးနားက သက်ပြင်းတစ်ချက်ကို ရုတ်တရက်ကြားလိုက်ရတယ်။

"…ပူတယ်။"

သူမဘေးမှာထိုင်ကာ ရေခဲရေ နှစ်ခွက်ဆက်တိုက်သောက်နေသော Tamon က မျက်မှောင်ကြုတ်လို့‌နေတယ် ။
တတိယဖန်ခွက်ကို မြှောက်လိုက်တဲ့သူ့ကို သူမက ပျင်းရိငြီးငွေ့စွာဖြင့် ကြည့်လိုက်တယ်။
ဒီယောက်ျား၏ အစားအစာက သူမထက်ဆယ်ဆခန့်ကို ကြီးတယ်။
အရည်ရွှမ်းတဲ့ အသားသုံးကြိမ်၊ ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာများစွာပါသော အသုပ်နှစ်ပန်းကန်လဲ ကုန်သွားပြီ ။
ထမင်းပေါင်း၊ သစ်သီး၊ အသားနဲ့ ထမင်းကြော်တို့လည်း စားသေးတယ် ။ပြီးတော့  ရေအေးနဲ့ ဆိုဒါ သုံးခွက်ထပ်သောက်တယ်လေ ။
ဤမျှလောက်သော အစားစာနှင့် သောက်စရာတွေ ကို သူဘယ်မှာများထည့်ထားတာသလဲ ပဲ "

ရုတ်တရက် တောင့်တင်းသော ကြွက်သားများဖြင့် တောင့်တင်းသော သူ့ခန္ဓာကိုယ်က Roselyn ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။

သူ့ကိုကြည့်ရတာ သူမနဲ့ လုံးဝကို မတူတဲ့ သတ္တဝါကြီးလိုပဲ၊ ခန္ဓာကိုယ် ကြီးကြီးမားမားကြီးနဲ့လေ .........

သူမတစ်ကိုယ်လုံးကနေ ဖြတ်သန်းလာတဲ့ ခွန်အားတွေ။
ထိုသို့သော ခန္ဓာကိုယ်ကို ထိန်းသိမ်းရန် အစားအစာများစွာ လိုအပ်လိမ့်မယ် ။
သူ လည်ပင်းထူထူထဲကနေ သောက်ရေတို့ကို မျိုချတာကို သူမမြင်လိုက်ရတယ် ။
သူ့ရဲ့  ရွေ့လျားနေသော အာဒမ်ပန်းသီးက (လည်စိက) အပေါ်အောက် ရွေ့လျားနေပြီး ဖန်ခွက်ကို ငုံ့ခိရင်း သူ့မျက်လုံးများနှင့် သူမဆုံမိသွားတယ် ။
Tamon က ရေစိုနေသော သူ့နှုတ်ခမ်းများကို လက်မဖြင့် သုတ်လိုက်ရင်း ရယ်မောလိုက်သည်။
သူ၏ ကြမ်းတမ်းသော မျက်လုံးများက အနည်းငယ် ရိုင်းစိုင်းသော မျက်နှာဆီကို ကွေးညွတ်သွားတယ် ။ ပြီးတော့ သူက လူဆိုးတစ်ယောက်နဲ့တောင် တူလို့နေသေး တယ် ။
သူက ဖန်ခွက်ကို ပြင်းပြင်းထန်ထန် ချလိုက်ရင်း ပြတ်ပြတ်သားသား ပြောလိုက်တယ် ။

မိဘုရား ခိုးတာဘယ်သူလဲDonde viven las historias. Descúbrelo ahora