Chapter (10) ဘာကြောင့် ဒီမိန်းမလဲ....?

953 58 0
                                    

ပထမတပ်သားတစ်စုက ပြင်းထန်သောနှင်းထုကိုဖြတ် ပြေးသွာကြသည်။
ဒါဇင်ပေါင်းများစွာသော သူရဲကောင်းများက ပြင်းထန်သော အရှိန်ဖြင့် တစ်ပြိုင်နက် ပြေးနေသည့် အခြေအနေမှာ အထူးအဆန်းမဟုတ်ပေ။

ဒါဇင်ပေါင်းများစွာသော မြင်းများက အရှိန်အပြည့်ဖြင့် ပြေးလွှားခဲ့ကြပြီး နောက်တွင် မြူ နှင်း များကပ်ပါလာခဲ့တယ်
သူတို့ထဲက တစ်ယောက်စီတိုင်းဟာ တူညီတဲ့မျိုးနွယ်စုရဲ့ သူရဲကောင်းတွေဖြစ်တာကြောင့် သူတို့အင်ပါယာကနေ ထွက်ခွာသွားတဲ့ အရှိန်ဟာ သာမန်လူတွေ တွေးတာထက် ကို ကျော်လွန်သွားခဲ့တယ်။

Tamon ၏ သူရဲကောင်းများက Tanatos ရှိ အကြီးဆုံးလွင်ပြင်ဖြစ်သော Arcandium Plain ကို နှစ်ရက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်။
ထိုကဲ့သို့ နောက်ထပ်နှစ်ရက် ပြေးပြီးနောက် နောက်ဆုံးတွင် အရှိန်လျှော့ကာ မြင်းများ အားလုံး မောပန်းသွားသောအခါတွင် ရပ်လိုက်ကြတယ်။
သာမန်လူတစ်ယောက်ရဲ့ ဆယ်ရက်လောက် အကွာအဝေးကို  သူတို့က လေးရက်သာ အချိန်ယူခဲ့ရတယ်။

"ငါတို့ဒီနေ့စခန်းချမယ်!"

ပင်ပန်းနေတဲ့ Ronasso က သူတို့ သင့်တော်တဲ့နေရာတစ်ခုကို  ရောက်အောင်သွားပြီး အော်လိုက်တယ်။
သူရဲကောင်းများက အလောင်းကောင် တွေလိုပင် ရွက်ဖျင်တဲများ ဆောက်လိုက်ကြတယ်။ တတ်နိုင်သမျှ လှဲအိပ်ပြီး အနားယူနိုင်ဖို့ နေရာလိုတဲ့ ခံစားချက်က သူတို့ရဲ့ လက်တွေကို ပိုမြန်စေတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့အုပ်စု နယ်မြေတစ်ခုကို ဖန်တီးလိုက်ကြတယ်။

ရိုနာဆိုက ၎င်းတို့အတွက် စိတ်မကောင်းဖြစ်သကဲ့သို့ ဝီစကီပုလင်းကို ရက်ရက်ရောရော ပေးကမ်းလိုက်တယ်။

"ကောင်းပြီ ငါ့ကောင်တွေ! သောက်ပြီး အသေကောင်လို အိပ်ကြ‌တော့ ။”

"ဝိုးးးးး!"

ဝီစကီတစ်ပုလင်းကို လူတိုင်းက ဝမ်းသာအားရ အော်ကြ‌တယ်။ သူတို့က ဘီလူးရဲ့ ဆွဲငင်ခြင်းကို ခံရသကဲ့သို့ ပြေးလွှားနေခဲ့ကြတယ်။
လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူတို့တွေ  အနည်းငယ်မျှသာ အိပ်ရပြီး  ပြေးနေ ကြရတယ်။ နာရီအနည်းငယ်လောက်ပဲဖြစ်ဖြစ် သူတို့ ကောင်းကောင်းအိပ်ချင်ကြတယ်
နွေဦးနှင့် နွေရာသီသာရှိသောပြည်မှ ရောက်ရှိလာသောသူတို့တွက်  Tanatos ရဲ့ဆောင်းရာသီက ၎င်းတို့အတွက် ထူးထူးခြားခြား ကြမ်းတမ်းလှတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now