CH(65).... သွေးစွန်းနေသောသခင်

217 18 0
                                    

'ကောင်းကင်က ငါ့ကို ကူညီဲ့တာ ဒါမှမဟုတ်  စွန့်ပစ်ခဲ့တာလို့ပဲ ငါပြောသင့်သလား။'

မြူခိုးတွေက မျှော်လင့်ထားတာထက်စောပေါ်လာကာ ရေယုန်‌ေတွထွက်လာတာကို စောစီးစွာတွေ့ခဲ့ရတာ ကံဆိုးတယ်။
ဒါပေမယ့် ကလေးတွေကို ဖမ်းပြီး ရောင်းစားဖို့ ကြိုးစားတဲ့ ရာဇ၀တ်ကောင်တွေကို ဖမ်းနိုင်ခဲ့တယ်။
သူနဲ့အတူ Tamon ခေါ်သွားတဲ့ သူရဲကောင်းတွေကလဲ အရမ်း‌ေတာ်တယ်။
ပြဿနာမှာ Tamon သည် သင်္ဘောကို ရှာတွေ့ချိန်မှာပင် ရေယုန်များသည် ၎င်းကို ဖျက်ဆီးခဲ့လိုက်ပြီးဖြစ်သည်။
သင်္ဘောက ထက်ခြမ်းကွဲနေပြီ။

“ပြော မင်း ကလေးတွေ ဘယ်မှာလဲ"

Tamon သည် စိတ်အားထက်သန်စွာ မျောပါနေသော အမျိုးသားတစ်ဦးကို ချက်ချင်း ကယ်တင်ခဲ့ပြီး သူ့ကို မေးလိုက်လေသည်။

[ရုံးသုံးဘာသာစကားကို နားမလည်ဘူး ။ ငါက ………………!"]

ထိုလူက Nyrux ဘာသာစကားကို ပြန်ပြောသည် ။
မျှော်လင့်ထားသည့်အတိုင်း သင်္ဘောသည် ကလေးများကို Nyrux သို့ ရောင်းချရန် တရားမဝင်သော သိုလှောင်ရုံတစ်ခုပဲ။
Tamon က မျက်မှောင်ကြုတ်ပြီး မေးပြန်သည်။

[မင်းရဲ့ ကလေးတွေ ဘယ်မှာလဲ]

ထူးထူးခြားခြား Nyrux စကားနဲ့အမိန်လိုအသံကြောင့် အံ့အားသင့်စွာဖြင့် ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
Tamon သည် သူ့ကို မြှောက်ထားသောကြောင့် ချီးမွမ်းရန်ပင် အချိန်မရှိပေ။

[ကလေးတွေ!]

[အင်း၊ သင်္ဘောခန်းထဲမှာ…ဒါပေမယ့် နစ်မြုပ်နေပြီ]

မျက်နှာဗလာဖြင့် ပင်လယ်ထဲသို့ နစ်မြုပ်နေပြီဖြစ်သော သင်္ဘောကို ထိုလူက ညွှန်ပြသည်။
သူရဲကောင်းတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ ရေအောက်မှာ တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။
ပင်လယ်မျက်နှာပြင်ပေါ်ရှိ ရေယုန်အနည်းငယ်ကို တိုက်ထုတ်ရုံဖြင့်ပင် လွှမ်းခြုံနေပြီဖြစ်သည်။
ရေယုန်များသည် ၎င်းတို့၏ အမြီးရှည်များကို ဝေ့ဝဲရင်း ရေကူးနေကြသည်။
Tamon သည် ရေထဲတွင် ရေယုန်များကို တိုက်ခိုက်ရန် မိမိတို့၏လက်နက်များကို အသုံးပြုနေသော သူရဲကောင်းများကို အမိန့်ပေးခဲ့လိုက်သည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now