အခန်း 7. Natasha Roanti

850 52 0
                                    

အခုအခြေအနေကသူမအတွက်တော့ နာကျင်စရာဖြစ်ကောင်းဖြစ်နိုင်တယ်။
သူမက ပြင်းထန်စွာ တိုက်ခိုက်ပြီး ဘယ်သောအခါမှ ပူးပေါင်းမှုမရှိခဲ့တဲ့ ရန်သူနိုင်ငံရဲ့ ဧကရီပဲ မဟုတ်လား။
သူမက အခြားသူထက်ပို၍ စွဲချက်တင်ခံရမှာ။
Roselyn က Tamon ကို ရူပ်ထွေးသိမ်မွေ့သော အကြည့်ဖြင့် ကြည့်‌ေနတယ်။

ဆောင်းဝံပုလွေနဲ့တူတဲ့ မီးခိုးရောင်ဆံပင်အောက်က သွေးနီရဲနေတဲ့ မျက်လုံးတွေက သူမကို ပြန်စိုက်ကြည့်နေတယ်။
သူ့တို့ရှိနေတဲ့နေရာ ဘယ်လောက် ဝေးကွာနေပါစေ အချိန်တိုတိုလေးဆိုရင်တောင်  သူ့အကြည့်တွေက ဆူးတခုလို အမြဲကြည်လင်နေခဲ့တယ်။

သူမ သူ့အကြည့်ကို ရှောင်လိုက်တယ်။
ထိုလူက သူမ၏ရန်သူ‌လေ။
သူတို့က ခွေး စား ခွေး ပြိုင်ဘက်တွေပါပဲ။

(Dog eat dog တဲ့အမတော့ နားမလည်လို့ အာ့တိုင်းပဲပြန်လိုက်တယ်😁)

Roselyn က Tamon Krasis နှင့် ပြိုင်ဘက်ကင်းသော စစ်ပွဲများကို အကြိမ်ကြိမ် ဆင်နွှဲခဲ့ပြီး သူ့နိုင်ငံမှ အမြတ်အစွန်းများ ရယူခဲ့တယ်။
ဒါတွေအားလုံးဟာ သူမနိုင်ငံ၊ သူမပြည်သူတွေရဲ့ ကောင်းကျိုးနဲ့ ဧကရာဇ်မိသားစုရဲ့ သာယာဝပြောရေးအတွက်ပဲ လုပ်ခဲ့တာ။
သူတို့နှစ်ဦးက ရန်သူတွေစစ်မြေပြင်တွင် တိုက်ခိုက်နေသလို အချင်းချင်း အပြင်းအထန် စစ်ဆေးခဲ့ကြတယ်။
ဒါ့ကြောင့် Roselyn က ထိုလူကို ယခုလိုဖြစ်ရခြင်းအတွက် သူမကို မသနားတဲ့ တစ်ဦးတည်းသော သူဖြစ်ဖို့ ပဲ ဆန္ဒရှိခဲ့တယ်။

ကြမ်းကြမ်းတမ်းတမ်း ရယ်လိုက်တာက သူမတွက် ပိုကောင်းပါတယ်။
တန်းတူရည်တူ တိုက်ပွဲဝင်ခဲ့သော ရန်သူဆီက ရရှိမဲ့ ကိုယ်ချင်းစာတရားက သူမ မာနကို ပျက်ပြားစေလိမ့်မယ်။

ရုတ်တရက် လေထုကပြောင်းသွားတယ်။
တစ်ချိန်တည်းမှာပင် မြက်ပင် သစ်ပင်များကြားတွင် လေတိုက်သံကဲ့သို့ တိုးတိုးတိတ်တိတ် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဧကရီ။"

ထိုအချိန်တွင် ဒီနေရာမှာမရှိနိုင်သော အသံတစ်ခု....
ဧကရီအကြည့်က သူမအရှေ့တွင်ရှိနေတဲ့ အမျိုးသမီးကို တုန်လှုပ်သွားစေခဲ့တယ်

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now