CH (56)...... Cassion Krasis

155 12 0
                                    

Roselyn ရဲ့ မရေရာသောအမူအရာကြောင့် Tasha နှင့် Louie တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ခေါင်းယမ်းလိုက်ကြသည်။

"အဆင်မပြေဘူးလား?"

“မဟုတ်ဘူး! မဟုတ်ဘူး၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ထင်ထားတာထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်။”

သူမအလျင်စလို စကားလုံးများဖြင့် အမွှာတို့ရဲ့ မျက်နှာတွေက ကြည်လင်လာသည်။
လျင်မြန်ကျွမ်းကျင်သော လက်များဖြင့် စားပွဲကို ညှိပေးသော အမွှာတို့က သူတို့ကိုယ်သူတို့ သက်တောင့်သက်သာ လုပ်လိုက်ကြသည်။

“တကယ်တော့ ဒါက ကျမတို့ရဲ့ ပထမဆုံး ထုတ်ဝေမှုဖြစ်လို့ ကျွန်မအရမ်းစိတ်ရှုပ်‌ေနတာ။ မှူးမတ်တွေဖတ်တဲ့ ဝတ္ထုတွေလို စာကြည့်တိုက်မှာ အံဝင်ခွင်ကျနိုင်တဲ့ စာအုပ်တော့ မဟုတ်ဘူး‌ေပါ့ ဒါပေမယ့် Reinleset Street မှာရှိတဲ့ စာအုပ်ဆိုင်တွေမှာ အနည်းဆုံးတော့ အံဝင်ခွင်ကျဖြစ်မယ်ထင်တယ်။ အိုး၊ Reinleset လမ်းက စာအုပ်ဆိုင်ကခရိုင်တစ်ခုလဲဖြစ်သည်။ သူ့က ဆယ်ဆိုင်လောက်ရှိပြီး စာအုပ်မျိုးစုံကို အ‌ေဟာင်းကနေ အသစ်အထိ ရောင်းတယ်။”

... စာအုပ်ဆိုင် ရပ်ကွက် ?
Tanatos တွင် စာအုပ်များကို မြင့်မြတ်သောယဉ်ကျေးမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
စာမတတ်သူနှုန်း 50% နီးပါးရှိသည်။ အောက်‌ေခြတန်းစားလူများသည် သုတေသနတွင် မပါဝင်နိုင်လို့ ၎င်းသည် အမှန်တကယ်ကြီးမားတယ်
ထို့ကြောင့် စာအုပ်ဆိုင်များကဲ့သို့သော အရာများသည် မှူးမတ်များအသုံးပြုသော အဆင့်အတန်းမြင့်သော စတိုးဆိုင်များဖြစ်လာသည်။သို့‌ေသာ်၊ Amor တွင်တော့ ၎င်းတို့(စာအုပ်ဆိုင်) အမြောက်အမြားရှိနေတာက အံ့သြစရာပင်။

“စာအုပ်ဆိုင် ရပ်ကွက်ကို သိချင်တယ်”

"ဒါ့နဲ့စကားမစပ် Lady Asha၊ အပြင်မထွက်သေးဘူးလား? ဆရာကြီးပြန်လာရင် အတူတူထွက်ကြရအောင်။ ဘာပြောပြော၊ နောက်လမှာ ပန်းပူဇော်တဲ့ ပွဲတော် ရှိတာလေ မဟုတ်ဘူးလား”

"အေးဟုတ်တယ်။ မနှစ်ကတော့ ဒေစီပန်းတွေ ပွင့်တဲ့အချိန်မို့ မကြာခင်ပွင့်တော့မှာပါ”

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now