CH (40) မှန်တယ်။

455 31 0
                                    

Tamon ၏ နှုတ်ခမ်းတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် ရုတ်တရက်သူက ဒူးထောက်ကာ သူမ ခြေကျင်းဝတ်ဖြင့် လှမ်းဆွဲလိုက်တော့တယ် ။

"ဒါဆို ဒါကကိုယ့်အပိုင်လို့ထင်တယ်"

Roselyn သည် အံ့အားသင့်စွာဖြင့် နောက်ပြန်ဆုတ်ရန် ကြိုးစားသော်လည်း သူဖမ်းထားသော ခြေချင်းဝတ်ကို ရုတ်သိမ်းပြီးမှသာ ပြန်ထွက်သွားလို့ရမယ် ။

Roselyn သည် ဟန်ချက်ညီစေရန် ကုန်းပတ်ကို ထောက်ထားသည့် ပို့စ်တစ်ခုကို ဖမ်းကိုင်လိုက်တော့ Tamon သည် သူမ၏ ခြေဖဝါးပေါ် ပေါ့ပေါ့ပါးပါးပင် နမ်းလိုက်သည်။
တစ်ဖန် Roselyn သည် သူမ၏ အတွေးများက သေချာစွာ သိလိုက်ရသည်။
Tamon က မုဒိန်းကျင့်တဲ့သူဆိုတာကိုပေါ့ .....
*(ပြောရက်လိုက်တာ😂)*

***

Kak!

ချောင်းခြောက်ဆိုးတာက သူ့အဆုတ်ကို စုတ်ပြဲသွားသလိုပဲ။
Gillotti သည် ချောင်းဆိုးနေစဉ် ပါးစပ်ကို ဖုံးထားရသည်။

(နွားကြီး ချောင်းဆိုးသံ)

ချောင်းဆိုးသံက ဆက်လာသည်။
သူနဖူးကို ထိတ်လန့်တုန်လှုပ်စွာ ပွတ်သပ်ရင်း မခံနိုင်တော့ဘဲ သူ့အစောင့်ကို ချက်ချင်း ခေါ်လိုက်သည်။

"အစေခံ !? ဆေးယူလာခဲ့ ၊ အခုချက်ချင်းယူခဲ့စမ်း "

သူ့အော်သံကြောင့် အစေခံတစ်ဦးသည် ဖြူဖျော့သောမျက်နှာဖြင့် ပြေးဝင်လာခဲ့သည် ။သူ့ကိုမြင်ပြီးတာနဲ့ Gillotti က သူကိုင်ထားတဲ့ ခေါင်းအုံးကို သူ့ဆီပစ်ပေါက်လိုက်တယ်

“ဆေးက အာနိသင် တစ်ခုမှ ရှိတယ်လို့ မထင်ဘူး။ အခုချက်ချင်း ငါ့ကိုနောက်ထပ်သောက်စရာ ယူလာခဲ့ပေးစမ်း !"

"အရှင်မင်းကြီး။ နောက်ထပ်ဆေးတွေက ရောဂါလက္ခဏာတွေကို ပိုဆိုးစေတယ်လို့ ဒေါက်တာဟိုက်ဇယ်လ်က ပြောပါတယ်။ နာကျင်နေပေမယ့် ခဏလောက် စိတ်ရှည်ပေးပါခဗျာ!"

"ချီးပဲ  အဲဒါကြောင့် ၊ ငါ့စိတ်တွေကြေကွဲရတော့မယ် ! ငါ့ကို ခံနိုင်ရည်ရှိစေချင်တာတဲ့လား။ မင်းက ငါ့ကို အခုချက်ချင်း သေ‌စေချင်နေတာလား။ မင်းက သေဆုံးသွားတဲ့ ဧကရီရဲ့ဘက်ကမဟုတ်ဘူးလား။”

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now