CH (74)... လူတစ်ဦးစီ၏နှလုံးသားက ကွဲပြားစွာစီးဆင်းေနကြသည်။

174 13 0
                                    


Tamon က သူ့ကို စိုက်ကြည့်ရင်း မျက်နှာ နီရဲသွားတယ်။
သူသွားနေစဉ် Cassion သည် Asha ၏အခန်းထဲဖောက်ထွင်းဝင်ရောက်ခဲ့တာကို သူကြားလိုက်ရသည်။
နက်မှောင်သောဆံပင်၊ အသားအရေကဖြူဖျော့ဖျော့ အမှတ်တမဲ့ကြည့်လိုက်ရင် သူက သူ(Tamon)နှင့်တူသည်။
Cassion သည် သေးငယ်သော်လည်း Tamon နှင့် Cassion တို့က ညီအစ်ကိုဆိုတာကို မည်သူမဆို သိနိုင်သည်။
သို့သော် အချင်းချင်း သွေးတူသည်ဟုဆိုသော ညီအစ်ကိုတစ်ဦးက အပြစ်ကင်းသောမျက်နှာဖြင့် သူ့ကို ဘယ်ကိုေတာင်လှည့်စားနိုင်မလဲ။

Tamon သူမကို ဒီနေရာသို့ ခေါ်ဆောင်လာနိုင်ဖို့အတွက် သူ့အသက်ကိုတောင် စွန့်စားခဲ့ရပြီး ဒီအိမ်ကြီးထဲတွင် ထားရှိခဲ့တာကြောင့် သူမက သူ့တေယာက်ထဲအတွက်သာဖြစ်တယ်လို့ အခိုင်အမာပြောရင် ယုတ်မာတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်ေနမလား။
Tamon သည် ဒေါသတဟုန်းဟုန်း ထွက်သလို ခံစားရသော်လည်း ဒီတစ်ကြိမ်တော့ ထိန်းထားလိုက်သည်။
သူက အားနည်းပြီး ဆိုးသွမ်းတဲ့ Cassion ပဲလေ။
သူသည်လူတိုင်းချစ်မြတ်နိုးသော Krasis ၏တရားဝင်သားလည်းဖြစ်သည်။
ကံကောင်းစွာပဲ Roselyn က သူ့ကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် Tamon က သူ့ကို လွှတ်ပေးလိုက်တယ်။

Cassion သည် Roselyn နှင့် ပတ်သတ်၍ တစ်ခုခုလုပ်ရန် ရိုင်းစိုင်းသောစိတ်ဖြင့် ဖောက်ထွင်းဝင်ရောက်ခဲ့တာမဟုတ်မှန်း သူသိတာကြောင့် ဒေါသဖြင့် တုန်လှုပ်ေနရန်မလိုအပ်ပါဘူး။
မည်သို့ပင်ဆိုစေကာမူ Cassion ကို သူနောက်ထပ်မတွေ့ချင်ပါ။
တမင် ငြိမ်သက်နေသော မျက်လုံးများဖြင့် သူ့ရှေ့တွင် ရပ်နေသော ဖအေတူ မအေကွဲညီငယ်ကို Tamon ကြည့်လိုက်သည်။

"ဘာလို့ မထွက်သွားတာလဲ နားမလည်ဘူးလား Cassion"

Cassion ၏မျက်နှာသည် နီမြန်းသွားပြီး သူ့ကို ထွက်ခွာသွားစေချင်တာ သိသာထင်ရှားေနသည်။

"...ဒါက ကျတော့အိမ်​ပဲလေ!"

“ဒါပေမယ့် မင်းက သခင်မဟုတ်ဘူး။ ပြီးတော့ မင်းကအိမ်ရှင်ကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့တာေလ။"

"အစ်ကို!"

Cassion က တရားမျှတမှု မရှိသော အမူအရာဖြင့် အော်လိုက်သည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now