CH(60).....အစ်ကို့သခင်မ

202 16 2
                                    

Roselyn သည် သူမ၏ ဦးခေါင်းထိပ်တွင် ဖုံးလွှမ်းနေသော စောင်များကို ဆွဲချလိုက်သည်။
သူမမျက်နှာပေါ်တွင် ငြီးငွေ့သောအကြည့်ဖြင့် လိုက်ကာများပိတ်နေသည့် လသာဆောင်ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။

“…… သုံးရက်ရှိပြီ”

သူ့ကို မသိဟန်ဆောင်ကာ သူ့ကိုလျစ်လျူရှုထားရင် ထွက်သွားမည်ဟု သူမထင်ခဲ့သော်လည်း သူ့အစ်ကိုလိုပင် အလျော့မ‌ေပးပဲ သုံးရက်ကြာသည့့်တိုင်း သူမဆီကို အရုဏ်တက်တိုင်း အလည်လာတုံးပင်။

"ငါ Asrell ကိုပြောပြလိုက်ရမလား"

အနှောက်အယှက် မဖြစ်စေချင်သလို မိုးလင်းမှ သူ့အခန်းထဲကို ရောက်လာတဲ့ အထိတ်တလန့်ဖြစ်စေမဲ့ သဘောထားကိုလည်း သူမ မလိုလားတာကြောင့် လျစ်လျူရှုခဲ့တယ်။
ဒါပေမယ့် Cassion ဟာ လသာဆောင်မှာ တစ်နာရီလောက်နေဖို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။ လွန်ခဲ့သည့် နှစ်ရက်က သူက မိနစ်အနည်းငယ်မျှသာ နေခဲ့ရသော်လည်း ယနေ့တွင် အကြာကြီး တောင့်ခံနေခဲ့သည်။

"သူက ဘာဖြစ်နေတာလဲ"

Cassion က အားနည်းနေတယ်ဆိုတဲ့အချက်ကို သူမ သိချင်နေခဲ့ပါတယ်။ Cassion  ရေစိုသွားတုံးက Satin ကလည်း ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တာ မဟုတ်ဘူးလား ။

မောပန်းနွမ်းနယ်နေသဖြင့် Roselynက မသိဟန်ဆောင်ကာ ရပ်လိုက်သည်။

“Asrell ကိုပဲ ခေါ်ရအောင်။”

လက်ရှိတွင်၊ အရှေ့အနောက်ဘက်တွင် အစောင့်အနည်းစုသာ ကျန်ရှိတော့သဖြင့် Roselyn အား တုံ့ပြန်ရန် အရုဏ်ဦးတွင် အစေခံများ မရှိနိုင်ဘူး။
အဲဒီအစား Asrell ရဲ့အခန်းက နီးတယ်။
Roselyn က သူမကို နှိုးရလို့ အနည်းငယ် ဆိုးရွားသလို ခံစားခဲ့ရပေမယ့် Cassion ကိုလည်း သူမ ဒီလိုမျိုး ထာဝရ မထားခဲ့နိုင်ဘူးလေ။
ဒါပေမယ့် သူမ ခန်းမဆောင်ထဲကို လှမ်းဝင်လိုက်တာနဲ့ သူမ စိတ်ပြောင်းသွားခဲ့တယ်။

"တဆိတ်လောက်……။ သင်ဘယ်သွားမလို့လဲ?"

Roselyn ဟာ မနက်မိုးလင်းမှ အပြင်ကို တစ်ခါမှ မထွက်ဖူးတာမို့ အခုချိန်ထိ သူမကို စောင့်နေတဲ့သူတွေကို တွေ့ဖို့ မမျှော်လင့်ထားပါဘူး။
Roselyn သည် အနည်းငယ် ထိတ်လန့်သွားသည့် မျက်လုံးများဖြင့် သူမရှေ့တွင် တိတ်တဆိတ် ပေါ်လာသော အသားညိုမဲမဲ အမျိုးသားကို ကြည့်လိုက်သည်။ သူသည် ဤနေရာတွင် နေ့တိုင်း လှည့်လည်သွားလာနေသော သူရဲကောင်းများနှင့် မတူပေ။ သူသည် ပို၍ အသားမဲပြီး ပိုဆိုးသွမ်းပုံရသည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now