CH (88)....မျက်မမြင်တစ်ယောက်

130 7 0
                                    


Tamon ကTheo ၏ ဒေါသထွက်နေသော အသံကြောင့် ပြေပြစ်စွာ ပြုံးလိုက်သည်။

"ငါ့ကိုမယုံပါနဲ့။ လူစီ ကိုလည်း မယုံနဲ့။ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ မယုံနဲ့။ ကိုယ့်ကိုကိုယ်သာ ယုံ"

“မင်း စကားပြောကောင်းတယ်။”

Tamon ရယ်မောလိုက်သည်။

“ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။”

သီအိုက ဒီလိုမျိုး ဘယ်လိုရောက်လာရတာလဲလို့ တွေးမိပေမယ့် ရပ်သွားတယ်။ အဲဒါကို စဉ်းစားဖို့က ဘာလဲ။သူမ ရပ်တန့်နိုင်တဲ့အရာတစ်ခုတော့ မဟူတ်ဘူးပဲ။
သူမသည် နံရိုးကျိုးသွားသလို နံရံကို မှီ၍ ခန္ဓာကိုယ် အနည်းငယ် စောင်းနေသော Tamon ကို ကြည့်လိုက်သည်။သီအို သည် Tamon ဤမျှ ရှုပ်ပွ‌ေနတာကို မမြင်ဖူးပေ။
Tamon က တည်ငြိမ်မှုပမာဏကို အမြဲထိန်းသိမ်းထားတတ်သူတစ်ဦးဖြစ်သည်။Tamon သည် သွေးထွက်နေသော နှုတ်ခမ်းများကို သူ့လက်နောက်ဘက်ဖြင့် သုတ်လိုက်သည်။
သီအိုသည် သူ့မေးစေ့အောက်မှ အစက်အပြောက်များကိုပင် မြင်လိုက်ရပြီး သွေးများကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ရန်သူတွေရဲ့သွေးတွေအစား အဲဒီမျက်နှာပေါ်က သူ့(Tamon)သွေးတွေကို မြင်လိုက်ရတော့ သီအို ပီတိဖြစ်သွားမိတယ်...

Tamon သည် ဤမိုက်မဲသောအမိန့်ကို တိတ်တဆိတ် လိုက်နာခဲ့တာကသူမ၏အမိန့်က ဘယ်လောက်ပဲဖြစ်ဖြစ် ဤလူ၏ကိုယ်ပိုင် လက်ခံမှသာဖြစ်တာကို သီအိုသိတယ်။
Theo သည် သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို ချိုးမယ်ဆိုရင်တောင် သူ ပုန်ကန်မှာမဟုတ်ဘူး သူကနတ်ဆိုးတစ်ယောက်ပဲလေ။

“ငါ့ကို မယုံပါနဲ့” လို့ သူပြောပေမယ့် သူမအတွက် သူ့အသက်ကို ပေးချင်သလို ပြုမူနေလိမ့်မယ်။
အခြားနိုင်ငံမှ မှူးမတ်များကို “မြေခွေးလို” ရှုပ်ယှက်ခတ်‌ေစရန် Tamon  ကိုယ်စားလှယ်အဖွဲ့အဖြစ် ထွက်ခွာသွားတာနှင့်ပတ်သက်လို့ Ronasso ပြောခဲ့ဖူးတာကို သီအို နားလည်ခဲ့သည်။
သီအိုက Tamon ကိုင်ထားတဲ့ သစ်သားဓားကို ပစ်ချလိုက်ပြီး အမြန်ထရပ်လိုက်တယ်။

"ဘယ်​သူ့ကိုယုံရမယ်​ ဘယ်​သူ့ကို
မယုံရဘူးဆိုတာ ငါ ဆုံးဖြတ်​မယ်​!"

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now