CH (45) တစ်လတိတိ

397 25 0
                                    


Roselyn သည် သူမလက်ထဲတွင် Tamon ပေးထားသည့် စာရွက်ကို ကိုင်ထားလိုက်ပြီး စကားလုံးများကို ထပ်ခါထပ်ခါ ဖတ်လို့နေတယ် ။

**[အို ဘဝ‌ေရ ။ ခြောက်ကြိမ်မြောက် လမပေါ်မီ၊ Iron Child ဟာ ပင်လယ်ကိုဖြတ်နေတဲ့အကြောင်း သူမကို အသိပေးလိုက်ပါ။ က​လေး​မြေ​ကိုရောက်​မလာခင်​ မကယ်​တင်​နိုင်​ရင်​ သူမဘဏ္ဍာ​တွေက သူမသေဖို့အတွက် ပြန်ဖြစ်လာရလိမ့်မယ် ။]**

"အသက်" ဟူသောစကားလုံးက Tamon ကိုရည်ညွှန်းတာ

"သေခြင်း" ဟူသောစကားလုံးက Gillotti ကိုရည်ညွှန်းကြောင်းထင်ရှားတယ် ။

နောက်တော့ Iron Child ရှိသေးတယ်...။
Roselyn က Arsene ကိုသတိရသွားတယ်။
Arsene သည် ပန်းပဲဆရာမှ စွန့်ပစ်ခံထားရသော ကလေးလဲဖြစ်သည်။
ပန်းပဲဆရာဟောင်းက Arsene ကို ပြုစုပျိုးထောင်ခဲ့ပေမယ့် အသက် ဆယ်နှစ်အရွယ်မှာ အဘိုးအိုဟာ သေဆုံးသွားခဲ့ပြီး Arsene ဟာ ခိုလှုံရာ(မိဘမဲ့ဂေဟာ)တစ်ခုမှာ သွား‌ေနခဲ့ရပါတယ်။
(Iron child က မြန်မာလိုပြန်ရင် သံ ကလေးဆိုတော့ ဖတ်ရတာ တမျိုးကြီးမို့ Eအတိုင်းပဲ ရေးပါမယ်နော် )

ကလေးက သူကိုယ်ကွကိုယ် ကောင်းကောင်းနေခဲ့ပြီး ခိုလှံုရာအိမ်မှာ အိမ်အလုပ်တွေ လုပ်ခဲ့ပေမယ့် သံနံ့ကို လဲ အမြဲလွမ်း‌ေနခဲ့တယ်။ သို့သော် သူဓားကိုယူပြီးနောက် လွမ်းဆွတ်မှု ပျောက်ကွယ်သွားပြီး သူလုပ်သမျှဟာ လေ့ကျင့်မှုသာဖြစ်ခဲ့သည်။

“Iron child….”

ဒါတွေက Arsene ကို ရည်ညွှန်းတဲ့ စကားလုံးတွေသာဆိုရင်၊ ဒီနေရာမှာ ရေးထားတဲ့ ရတနာဟာ သူမအတွက် အပ်နှင်းထားတဲ့ မြင့်မြတ်တဲ့ အရာဖြစ်မှာ သေချာတယ်။
Roselyn က သူမစိတ်ကို ထိန်းထားလိုက်သည်။

" Iron Child ကို ငါရှာရမယ်။"

" Iron Child က ဘယ်သူလဲ သိလား"

သူမ ခေါင်းညိတ်ကာ ပြောလိုက်ပါတယ်။

“သူက ရတနာကို ကျမအပ်နှင်းထားတဲ့ ကလေးပဲ”

သူ့စကားကြောင့် Tamon ၏အမူအရာပြောင်းသွားခဲ့သည်။

“ဒါဆို ဒီမှာ ရေးထားတဲ့ စကားလုံးတွေက…”

“ဟုတ်တယ်၊ ဒီအခြေအနေကို တစ်ယောက်ယောက် သိနေပုံရတယ်။ အဲဒီတော့ မြန်မြန်လုပ်ရမယ်။ ကလေးပင်လယ်ကို မဖြတ်ခင်မှာ မြင့်မြတ်တဲ့ အမွေအနှစ်ကို ရှာတွေ့မှ ရမယ်။”

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now