Ch (24) ရုပ်မဆိုးဘူး

488 37 0
                                    

Roselyn အာ့အချိန်တွင် နှုတ်ဆိတ်နေသောကြောင့် Tamon က သူမ၏လျှာကို ကြည့်ရလိမ့်မယ်လို့ ထင်တယ် ။
သူမ လျှာကိုကိုက်ထားတယ်လို့ သူထင်‌ေနတာလား။
ဒါပေမယ့် Tamon က ဘာထင်လဲဆိုတာ အရေးမကြီးဘူး၊ သူမ လျှာကို အဲလို ရယ်စရာကောင်‌းအောင်ထုတ်မပြနိုင်ပါဘူး ။
Roselyn သည် ဇွတ်တိတ်ဆိတ်နေခဲ့သည်။

"ကိုယ် ကြည့်ချင်တယ်....။”

Tamon သည် သူမ၏ လျှာကို ကိုင်ထားရန် ပြောသကဲ့သို့ သူမ၏ မေးစေ့လေးကို ပွတ်လိုက်သည်။
Roselyn က သူ့ကိုကြည့်ရင်း မျက်ခုံးပင့်သွားတယ်။
အလိုက်သိသော Asrell က အခန်းတွင်းမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။
နွေးထွေးပြီး နေသာတဲ့ အခန်းထဲမှာ သူတို့ နှစ်ယောက်ထဲ အထီးကျန်နေပြန်တယ်။
အခန်းတွင်းရှိ လေနုအေး၏ အသံကိုသာ ကြားနေရတယ်။
Tamon က တခစ်ခစ်ရယ်ပြီး ညည်းညူလိုက်ပြန်တယ်။

"မင်းက လျှာထုတ်တတ်တဲ့လူ မဟုတ်ဘူးလား"

ပြောနေရင်း Tamon က ခေါင်းငုံ့လိုက်တယ်
Roselyn  သူ့မျက်နှာကို နီးကပ်စွာ ခံစားလိုက်ရပြီး Tamon က သူမ၏ နှုတ်ခမ်းများကို ဖျပ်ကနဲ ကိုယူလိုက်‌ေတာ့တယ် ။ နူးညံ့သောအနမ်းဖြင့် သူသည် သူမ သတိမထားမိလိုက်ခင် သူမ၏ နှူတ်ခမ်းများကို ခွဲလိုက်တယ်။
သူ၏ ပျော့ပျောင်း ပူနွေးသော အသားစစိမ့်ဝင်သွားပြီး ပါးစပ်ထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားတော့တယ်။

သူမ သတိပြန်ရလာသောအခါ Roselyn  သူမ၏ ခေါင်းကိုနောက် ပြန်ဆွဲထုတ်လိုက်တယ်။

"ဘာလို့…..!"

“သွေးအရသာမရှိဘူး။ ကောင်းတယ်။"

Roselyn ၏ ပါးစပ်ကို စစ်ဆေး နေသော Tamon ကတော့ ပုံမှန်အတိုင်း အေးအေးဆေးဆေး ပြုံးနေလေရဲ့။
Roselyn  စိတ်ပျက်နေသော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

"နမ်းပြီးမှ အတည်ပြုလို့ရမှာလား"

"ဘာလို့လဲဆိုတော့ မင်းကမှကိုယ့်ကို ပါးစပ်မဖွင့်ပြတာ"

"ရှင် Asrell ကို မေးလို့ရတာပဲ"

“အေ့။ကိုယ် ဒီလိုမတွေးခဲ့မိဘူး။"

Tamon က တခစ်ခစ်ရယ်ရင်း သူမမျက်နှာပေါ်မှ သူအရိပ်အယောင်တို့ကို နောက်ပြန်ဆုတ်လိုက်သည် ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now