CH......(89)

112 10 0
                                    

"သမီးကို ပန်းတစ်ပွင့်ဝယ်ပေးပါလား..."

Roselyn သည် Hannah ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ ပန်းပွင့်များကို အလှဆင်ထားသည့် ကလေးက ပန်းရောင်းရန် တောင်းတိုင်းကပန်းအပြည့်ရှိနေတာကို တွေ့လိုက်ရသည်။

“ပန်းပူဇော်ပွဲ အခမ်းအနားကို မတက်ရောက်နိုင်သူတွေဟာ သူတို့ရဲ့ ဆန္ဒကို ပန်းတွေပေါ်မှာ ရေးပြီး ပင်လယ်ပြင်မှာ မျှောကြတယ်‌လေ။ ထူးဆန်းတာက ပန်းတွေ ကမ်းပေါ်မှာ တစ်ခါမှ မတင်ဖူးဘူးတာပဲ”

စောင့်ကြည့်နေတဲ့ Jorge ကလည်း ဝင်လာပြီး ရှင်းပြတယ်။

"ဟုတ်လား။ မင်းရဲ့ရှင်းပြမှုအတွက်ကျေးဇူးတင်ပါတယ်။"

Roselyn က ယဉ်ကျေးစွာ ကျေးဇူးတင်ကြောင်း ပြောပြီး Jorge သည် သူ၏ပျော်ရွှင်မှုကို ဖုံးကွယ်၍မရသော မျက်နှာဖြင့်
'တဟီးဟီး' ရယ်မော‌‌နေတယ်။

"ဒါဆို ဘာပန်းတွေဝယ်ရမလဲ"

Roselyn အခုတွေ့တာက အဝါရောင်နှင်းဆီ‌တွေ၊ လီလီနှင့် ခရမ်းရောင်
staticeပန်းတွေပဲ။

ပန်းတွေအားလုံးက လှပပြီး Roselyn က ဘာရွေးရမှန်း မသေချာတဲ့အခါ Hannah က သူမရဲ့ စကတ်ကို ထပ်ဆွဲလိုက်ပြန်တယ်။

“ဟိုးမှာ……………………….”

Hannah သည် Roselyn ၏လက်ကိုကိုင်ကာ သူမနောက်သို့ လိုက်ရန်ပြောကာ ပြေးသွားခဲ့ပြန်သည်။

အချိန်ခဏလေးအတွင်းမှာပဲ Roselyn ဟာ ကလေးနဲ့အတူ လူအုပ်အလယ်မှာ ရှိနေပါပြီ။

ကံကောင်းထောက်မစွာ၊ Hannah ခြေလှမ်းအနည်းငယ်ထက်ပိုမသွားဘဲ ရပ်လိုက်သည်။

"ဒီမှာ။ ဒီပန်းကို ကြိုက်တယ်။"

ဟန်နာရပ်လိုက်သည့်နေရာတွင် ပန်းတောင်းတစ်လုံးကို ကိုင်ဆောင်ထားသည့် ကောင်လေးတစ်ယောက်သည် အခြားကလေးများ၏ပန်းများထက် သေးငယ်သော်လည်း အကောင်းပကတိအတိုင်း ရှိနေသေးတယ်။

"ပန်းတွေဝယ်ပါအုံး ! Daisy ဆ်ုတာမျှော်လင့်ချက်။ လှပသော customer များရဲ့ အနာဂတ်အတွက် ဆုမွန်ကောင်းများ တောင်းပေးရင်း ..........

ကလေးက သူ့အလွတ်ကျက်ထားရမယ့် စကားလုံးတွေကို ရွတ်နေတော့ ပန်းတွေကိုပြဖို့ ခေါင်းတောင်မထောင်နိုင်တော့ဘူး။ ပန်းပင်၏ ပင်စည်များက ကြေမွသွားကာ အပွင့်များ တုန်ခါသွားသည်။
Roselyn က တောင်းကို လှမ်းကြည့်လိုက်တယ်။ တစ်ပွင့်မှ မရောင်းရသေးတဲ့ပုံပါပဲ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now