CH(95).... ကိုယ့်ကိုနမ်းရင်

1.3K 27 8
                                    

ဘုရင့်ရဲ့ ဒေါသကို ပြေပျောက်စေရန်အတွက် မိမိခန္ဓာကိုယ်ကို မစွန့်လွှတ်ခဲ့ရင် ဒီအခွင့်အရေးကိုလည်း လက်လွှတ်ခံရပေလိမ့်မည်။
ကျေးဇူးပဲ၊ ဘုရင်က သူ့နံရိုးကိုတောင် ကျိုးသွား‌စေတယ်။ ရင်ခုန်သံက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်သော်လည်း Tamon က သူရဲ့ခံနိုင်ရည်အား နိမ့်ကျစွာ တမင်တကာ ထိန်းထားရင်း နာကျင်မှုကို ခံနိုင်ရည်ရှိခဲ့တယ်။
ညနေခင်းတွင် သူသည် သူရဲကောင်းများရဲ့  ဖမ်းထားခြင်းကို ရှောင်လွှဲ၍မရတာလည်း ထိုစဉ်ကပင် သူ့ခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်မှုကို တတ်နိုင်သမျှ လျှော့ချခြင်းဖြင့် နာကျင်မှုကို ခံနိုင်ရည်ရှိခဲ့တယ်။

ဒ်ီအမာရွတ်‌လောက်အဆင့်က တကယ်တော့ ခံနိုင်ရည်ရှိပါတယ်။ကြွက်သားနာကျင်မှုကို ထည့်သွင်းစဉ်းစားရင် မခံနိုင်တဲ့ အရာတစ်ခုမျှမရှိဘူး။
လှီးဖြတ်တာတို့  ခုတ်ထစ်တာတို့ ဒါ့မဟုတ် အဆိပ်‌တောင်ခပ်မခံခဲ့ရပါဘူး။ နံရိုးတစ်ချောင်းနှစ်ချောင်းကို ဆွဲထုတ်ဖို့ တွေးလိုက်ရုံနဲ့ ချွေးတစ်စက်တောင် မထွက်ဘူး။
သူအတော်ကြာအောင် ခံနိုင်ရည်ရှိပြီးနောက် ရရှိလာမယ့် ချိုမြိန်တဲ့ ဆုလာဘ်အကြောင်း တွေးနေမိတယ်။

"ရှင်ဟာ ကျွန်မ မဟုတ်ဘဲ အပြင်ထွက်ရင် မတော်တဆဖြစ်မယ့်ပုံပဲ" (ရိုစလင်း)

Roselyn ၏ ကဲ့ရဲ့စရာ စကားများကြားမှ Tamon က အေးအေးဆေးဆေး ပြုံးနေခဲ့သည်။

"ရှင့် တစ်ကိုယ်လုံးမှာ သန့်ရှင်းတဲ့ နေရာက တစ်ချက်မှမရှိဘဲ ဒဏ်ရာ တွေရလာပြီး  နေကောင်း‌နေသလို့ ရယ်တာ ဘာထူးလို့လဲ"

Roselyn သည် Tamon ကို သူနှင့်တန်သော ဘာသာစကားဖြင့်သာ အနိုင်ကျင့်နေခဲ့တယ်။

"ကျေးဇူးပြုပြီး သနားပါကွာ ၊ ကိုယ်စိတ်ထိခိုက်နေတယ် "(အံမယ်)

Tamon သည် နာကျင်သလို  ကြီးကြီးကျယ်ကျယ် ပြုမူပြကာ လက်လှမ်းဆွဲကာ Roselyn ကို ပွေ့ဖက်ထားလိုက်သည်။

အာ....တွေ့လား။
သူမခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် တပြိုင်နက် သူ့တစ်ကိုယ်လုံး တအိအိ ပြေလျော့ကျသွားတယ်။
သူမပွဲတော်မှာ မုဒိန်းကျင့် အနိုင့်ကျင့်သော သူများနှင့် တွေ့တဲ့အကြောင်းကြားတုံးက သူ့မျက်လုံးများက မှောင်လို့သွားတယ်။
သို့သော် သူစိတ်အေးအေးထားပြီး စဉ်းစားလိုက်တဲ့အခါ ဒီအမျိုးသမီးက လူရမ်းကားအနည်းငယ်‌လောက်ရဲ့ ရိုက်နှက်ခံရမည့် မိန်းမမျိုးမဟုတ်တာကို သူသိပေမဲ့ သူမ ဒဏ်ရာအနည်းငယ်မျှပင်မရှိတာကို မြင်လိုက်ရတဲ့အခါမှသာ သူ့နှလုံးသားက ရွှင်လန်းမှုအပြည့်ရှိလာခဲ့တယ်။
သူမ ခွန်အားက ချစ်စဖွယ်ပင်။
သူမက စိတ် ကောလူ‌ကောသန်မာကြောင်း စိတ်ချရစေတယ်။
ဒါကြောင့် Tamon က သူမကို စိတ်ချလက်ချလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Oct 29, 2022 ⏰

Add this story to your Library to get notified about new parts!

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now