CH (76)....ကျွန်မရဲ့ထူးခြားမှုကို ရှင့်ကို့ ပြစေချင်လား

180 11 0
                                    

"ပင်ပန်းရင် အိမ်ပြန်ကြမယ်"

Roselyn ပွဲတော်ရဲ့တစ်၀က်လောက်သာ မြင်ခဲ့ရသေးတာပေမဲ့ ကောင်းကင်ကတော့ အမှောင်ဖုံးလွှမ်းလို့နေပြီ။
ကြည့်စရာတွေများလွန်းလို့ သူမ ခြေလှမ်း သုံး၊လေးလှမ်း လှမ်းပြီးတိုင်း တခါ ရပ်လိုက်ရင်တောင် တွေ့ရတာတွေက အများကြီးပါပဲ ။
လမ်းလျှောက်ပြီး မတ်တပ်ရပ်နေတာလည်းတော်တော်ကြာနေပြီ။
ဒါပေမယ့် သူမခြေထောက်တွေက ထင်ထားတာထက် အများကြီး ပိုကောင်းလာတယ်လို့ ခံစားရတယ်။
အရင်ကဆို တစ်နာရီကြာလောက် လမ်းလျှောက်ပြီးရင်တောင် ခြေထောက်တွေက ထုံကျင်လာပြီး အကိုက်အခဲပျောက်ဆေးတွေတောင် သောက်ခဲ့ရသည်။

"ကျမ နေလို့ကောင်းတုန်းပါပဲ"

သူမ စိတ်မပျက်သွားသလို ဘာမှမထူးခြားသလိုပြောသော်လည်း သူမ၏အမူအရာကို သတိပြုမိသော Tamon က သူမရဲ့ကြိးမားသောနောင်တကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

"တကယ်လား?"

အချိန်‌က‌အတော်လင့်နေတာတောင် လူအရေအတွက်ကတော့ လျော့မသွားပါဘူး။ အဲဒီအစား အရင်ကထက် အများကြီး ပိုများလာတယ်။ လူတွေကလမ်းဘေး ကော်ဖီဆိုင်များတွင် ကော်ဖီရည်သောက်ရင်း ရယ်မော‌ေနကြ‌ကာ မြို့အနှံ့ ပြေးလွှားဆော့ကစားနေကြသည့် ကလေးငယ်များ၏ ရယ်သံများကလည်း တက်ကြွလန်းဆန်းလို့နေတယ်။

"မနက်​ဖြန်​ပြန်​ထွက်​ကြည့်လို့ရတာပဲ။ မင်း ဒီလောက်ထိ စိတ်ပျက်နေစရာ မလိုပါဘူး။"

"မနက်ဖြန်? မနက်​ဖြန်​ပြန်ထွက်လို့ ရနိုင်တယ်လား"

"ရတာပေါ့ ၊ Arsene နဲ့လေ"

Arsene ၏အမည်ကို‌ေပြာလိုက်‌ေသာအခါ Roselyn ၏မျက်လုံးများကတောက်ပသွားခဲ့သည်။
သူမက ကလေး‌ေတွကို စိတ်ပူပြီး Tamon က ကလေးတွေအကြောင်းအရင်ပြောတဲ့အတွက် သူမ အံ့အားသင့်မိတယ်။

"ရှင်ပြောတာ ဟုတ်တယ်၊ မနက်ဖြန် ကျမတို့ ထပ်လာလို့ရတာပဲ"

Tamon သည် သူမ၏ သဘောထား ချက်ချင်း ပြောင်းလဲသွားတာကို ရယ်မောလိုက်မိသည်။
သူမနောက်ကျောမှာရှိနေတဲ့ သူ့လက်ကတော့ ဝမ်းနည်းစရာကောင်းသလို ဖြည်းညှင်းစွာကျဆင်းလို့သွားတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now