chapter (3)

1.4K 71 0
                                    


Roselyn သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။
မလိုလားအပ်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်ခဲ့ပေမဲ့ သူမအလုပ်ဖြစ်မြောက်အောင် ကြိုးစားခဲ့တယ်။
မိုက်မဲခဲ့တာပဲ။
နှလုံး ခုန် သံ .....
အေးစက်သောလေသည် သူမ၏ခြေကျင်းဝတ်အောက်သို့ ထိုးဖောက်ဝင်ရောက်သွားပြီး ခြေကျင်းဝတ်တစ်ခုမှာ ဘာမှမခံစားရတော့ပေ။
မခံစားသင့်သော နာကျင်မှုကို မခံစားရစေဖို့ Roselyn က သူမကို သူမဆွဲခေါ်လာခဲ့သည်။

“အရှင်မ၊ ကျမအရှင့်မနောက်ကို လိုက်ခဲ့မယ် ။ အဆုံးထိတိုင်အောင်၊ ကျတော်မျိုးမ အမြဲရှိနေမှာပါ......"

"အန်နာ.."

Roselyn သည် သူမကို ငယ်စဉ်ကပင် Countess Puglish ဟုခေါ်သော နာမည်ဖြင့် မှည့်ခေါ်ခဲ့သည်။ သူမသည် ခပ်တိုးတိုး ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
အချို့သော မတော်တဆမှုများနှင့် ဖျားနာမှုများကြောင့် သူမ၏ အဖော်များကို သူမအနားမှ စွန့်ခွာသွားစေခဲ့ရသည်။

Lady Charlotte၊ သူမချစ်လှစွာသောဂုဏ်သ‌ေရရှိအစေခံ; နန်းတော်ရှိ သူမ၏ ခိုင်မာသော ထောက်ခံအားပေးသူ နယ်စားThomson နှင့် ဒု-တပ်မှူး Cartren၊ သူမ၏ အစောင့်အရှောက် ။
ဒါပေမယ့် အဲဒီသေဆုံးမှုတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရပ်နေလဲ၊ ဘယ်သူက တာဝန်ရှိတယ်ဆိုတာ လူတိုင်းသိတယ်။

Anna က နောက်ဆုံးလူပဲ သူမပဲကျန်တော့တယ်။
Anna ကိုလည်း ဆုံးရှုံးမသွားဖို့လဲ သူမမတတ်နိုင်ဘူး။ Anna သည် တစ်ဦးတည်းသော.....

ကံဆိုးမိုးမှောင်ကျမှုလှိုင်းလုံးကြီးက သူမကို လွှမ်းခြုံသွားသည်။ အာဏာအရှိဆုံး အာဏာပိုင်တွေနဲ့ လောဘကြီးတဲ့ ဆန္ဒတွေက ဖန်တီးထားတဲ့ ကံဆိုးမှုတစ်ခု။
သူမသည် ယခုအချိန်အထိ ကောင်းစွာခံနိုင်ရည်ရှိခဲ့သော်လည်း ယခုအခါတွင် သူမ၏အစ်ကိုသည် မြေ‌အောက်အကျဉ်းထောင် ထဲသို့ ရောက်သွားခဲ့ပြီး အရာအားလုံး လမ်းလွဲသွားခဲ့ပြီ။
Roselyn သည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားသည်။
သူမဒီမှာသာ ပြုတ်ကျရင်၊ Roselyn ရဲ့ နောက်ဆုံးအရိုးတွေကို ငတ်နေတဲ့ကျိုင်းကောင်တွေလို သူတို့စားကြလိမ့်မယ်။

"သေတာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ့အသားနဲ့ အရိုးတွေကို သူတို့တွေ့တွက် ဖြည့်စည်းခွင့်မပြုနိုင်ဘူး။"

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now