Ch (30) ထိန်းချုပ်မှု မရှိတော့

658 40 0
                                    

Tamon  သူ့အာရုံ လုံး၀မရှိဘူး ဖြစ်နေတယ် ။
ခေါင်းတွင် မူးဝေခြင်းအပြင် သူ့နှလုံးကလဲ အလွန်ပူလောင်နေတယ်
မဟုတ်ဘူး၊ သူ့တစ်ကိုယ်လုံးကို ပူနေတာ
ဧရာမ မီးလုံးကြီး မျိုချထားရသလို ခံစားရတယ်။ သူ့နှလုံးသားထဲက ထွက်လာတဲ့ အပူတွေက သူ့ဦးနှောက်ဆီကို ရောက်သွားပြီ။
Tamon က သူ့သွားတွေကို တခါထပ် ကြိတ်ထားတယ်။
ကြိတ်ထားရလွန်းလို့ မေးရိုးတွေတောင် ကိုက်တယ်။ သူ့ကိုယ်သူ ထိန်းဖို့ ခေါင်းကို အထပ်ထပ်အခါခါ ရိုက်‌ေနတယ် ။
အပြင်းအထန်ထု‌ေနမိပေမယ့်လည်း သူ့ခန္ဓာကိုယ်က လွယ်လွယ်နဲ့မငြိမ်သွားဘူး။
Roselyn က အဲဒါဘာလဲဆိုတာ သိလိုက်ရတယ်။

စွမ်းအားတွေ ပေါက်ကွဲထွက်လာတာ
ဒါက သူ့ အသက်စွမ်းအားကို အတင်းအကြပ်သုံးတဲ့ တုံ့ပြန်မှုတစ်ခုဖြစ်သည်။ ရုတ်တရက် စွမ်းအားအလွန်အကျွံတက်လာခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုလဲဖြစ်သည်။
အရင်ကတော့ Roselyn ထဲကို သူ့ရဲ့ စွမ်းအားကို ဆက်တိုက် သွန်းလောင်းပေးတဲ့အတွက် သူအဆင်ပြေတယ်။ ဘာကြောင့်လဲဆိုတော့ သူကြီးပြင်းလာသလောက် စွမ်းအားကိုသုံးလို့ပဲ ။
သို့သော် စွမ်းအားပိုလျှံသည့်အထိ လွှတ်တင်လိုက်မိတဲ့အခါတွင် ကောင်းစွာမလွှတ်နိုင်တော့ဘဲ အတွင်းတွင် ပိတ်မိသွားတယ်။

“ျီးပဲ  အဲဒါက ”

Tamon  စည်းချက်ကျကျ ခုန်နေတဲ့ သူ့နှလုံးသားကို ဆုပ်ကိုင်လိုက်သည်။
တကယ်တော့ သူဘာတတ်နိုင်အံုးမလဲ ဆိုတာမသိတော့ဘူး။
စွမ်းအား ကိုက ထုတ်ဖော်ပြသမှု အများအပြားရှိရုံတင်မကဘဲ၊ ဒီလိုစွမ်းရည်မျိုးကို ဘယ်သူမှ မပြဖူးတဲ့အတွက် မှတ်တမ်းမှာတောင် မရှိခဲ့ဘူး။
နတ်ဘုရားများက ထွင်းထုထားသော်လည်း သင့်တွင် ခိုင်ခံ့သောကိုယ်ခန္ဓာနှင့် ကောင်းစွာလည်ပတ်ရန် ပြင်းပြသောဆန္ဒရှိမှသာ အသုံးပြုနိုင်တယ်။
ဒိလိုစွမ်းအားကို ခံနိုင်ရည်မရှိတာကြောင့် မိသားစုမှ လူအများအပြား သေဆုံးခဲ့ရသည်။
Tamon သည် နှစ်ပေါင်းရာနှင့်ချီ၍ မည်သူမျှ မဖြတ်သန်းနိုင်ခဲ့တဲ့စွမ်းအားကို လက်ခံခဲ့တယ်။ အရှိန်အဟုန်ပြင်းပြင်းကို နှိမ်နင်းပြီး သူ့ကိုယ်ပိုင်လုပ်နိုင်ရန် တစ်နှစ်အချိန်ယူခဲ့ရသည်။
အကယ်၍ သူသာ မအောင်မြင်ခဲ့ပါက သူ့မိသားစုထဲ လူများစွာလိုပင် သူလဲသွေးရောဂါဖြင့် သေဆုံးသွားခဲ့သော ကြေကွဲဖွယ်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now