Ch.19

664 41 0
                                    

"ပင်လယ်?….."

Roselyn ရှေ့မှာ လပင်လယ်ကြီးနဲ့ ကြယ်တွေ ပျံ့နှံ့စွာရှိလို့နေတယ်။
လနှင့် ကြယ်များက ပင်လယ်နက်ပေါ်တွင် ရတနာများကဲ့သို့ တောက်ပသော အလင်းရောင်များ ဖျန်းလျက် ရှိလို့နေတယ်။

“အိုး။”

ရွှေ ၊ ငွေ ၊ ရတနာတွေက ဤမျှလောက် လှပစွာ ထွန်းလင်းတောက်ပခြင်း မရှိခဲ့ပါ။
လူသားတွေက ဒီလို ကြီးကျယ်မှုကို အတုယူနိုင်သော်လည်း ၎င်းကို ကျော်လွန်ရန် လုံးဝမဖြစ်နိုင်ပါဘူး
နေ့နှင့်ည၊ ကောင်းကင်၊ လေ၊ ကြယ်များနှင့် အချိန်တို့က ဘုရားသခင်၏ နယ်မြေတွေ ဖြစ်တယ်။
အံ့သြစရာကောင်းတဲ့ ရှုခင်းပါပဲ။
သူမသည် ဓားမြှောင်ကို ကိုင်ထားတာကို မေ့လိုက်ပြီး Roselyn  တောက်ပနေသော ပင်လယ်ကို ခဏတာ စိုက်ကြည့်နေမိတယ်။

"ဒီလိုကမ္ဘာမျိုး တည်ရှိတာပဲ။"

Roselyn က မြင့်မြတ်သောမိသားစုမှ မွေးဖွားလာခဲ့ပြီး ကောင်းမွန်သောအရာအားလုံးကို သူမလက်ထဲတွင် ဆုပ်ကိုင်ထားခဲ့ဖူးသော်လည်း ဤကဲ့သို့သော မည်သည့်အရာကိုမျှ သူမမမြင်ဖူးခဲ့ပေ။
မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်ပြီး လရောင်အောက်မှာ နှစ်မြုပ်နေလိုက်မိတယ်။
သူမနောက်ဆုံးမြင်ခဲ့ရတဲ့ ရှုခင်းက အရမ်းလှတာကိုတောင် ကျေးဇူးတင်မိသွားတယ်။
သူမချစ်တဲ့ အဖြူရောင်နှင်းမုန်တိုင်းကလဲ မဆိုးပါဘူး၊ ဒါပေမယ့် သူမခု တွေ့ကြုံနေရတဲ့ အံ့ဩစရာတွေနဲ့ ယှဉ်လို့မရဘူး။
သူမကို ဒီလို ရှုခင်းမျိုးကို မြင်ခွင့်ပေးသည့်အတွက် Tamon Krasis ကို ကျေးဇူးတင်မိတယ်။
သူမအတွက်မဟုတ်ရင် ဘယ်သူကများ ဧကရာဇ်ရဲ့မျက်လုံးကို ရှောင်ပြီး စွန့်ပစ်ခံဧကရီဆီကို ထွက်ပြေးဝံ့မှာလဲ။

Roselyn သည် အပြုံးဖြင့် ဓားမြှောင်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်တယ်။
ကြည်လင်ပြတ်သားသော အသံက စူးရှစွာ ပဲ့တင်ထပ်သွားတယ်။
လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ သူမ၏ ရင်ဘတ်ဆီသို့ တွန်းမချမီတွင် ဓါးကို ကောင်းစွာ ပိုင်းခြားထားလိုက်တယ်။

Clank!
"မင်း အိပ်နေတဲ့အချိန်မှာတောင် သတိမထားလို့မရဘူးလား"

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now