chapter (1)

4.4K 128 7
                                    

Unicode + Zawgyi

*အတိတ်*

“ကျေးဇူးပြုပြီး ရပ်‌လိုက်ပါ…”

ဧကရာဇ်၏သခင်မ Natasha Roanti သည် ဧကရာဇ်မင်း၏နားထဲသို့ တိုးတိုးလေးတိုးတိုးပြောလိုက်သည်။

"ဧကရီကိုသတ်။"

သူမ၏ အသံသည် ဆောင်းအ၀တ်ကဲ့သို့ နွေးထွေးနေပြီး သူမ၏ ပြုံးနေသော အစိမ်းရောင် မျက်လုံးများသည် ဆောင်းရာသီမှ လွတ်မြောက်ခဲ့သော နွေဦးပေါက်သစ်ရွက်နုများကဲ့သို့ စိမ်းလန်းနေသည်။

ချစ်ခြင်းမေတ္တာအပြည့် သနားစိတ်အပြည့်ရှိတဲ့ မျက်နှာမျိုးနဲ့ Natasha က တိုးတိုးလေးပြောလိုက်ပါတယ်။

“သူမကို သတ်ပစ်ပြီး စည်းစိမ်ချမ်းသာမူကို ရအောင်ယူပါ။ သနားစရာ ဘုရင်ကြီး။"

မြွေဖြူများကဲ့သို့ ချောမွေ့သော သူမ၏လက်များသည် ဧကရာဇ်မင်းမြတ်၏ တောင့်တင်းသောပခုံးများကို ပွေ့ဖက်ထားသည်။

ဧကရီ၏ အခွင့်အာဏာကြောင့် မိမိအလိုဆန္ဒများကို ဖြည့်ဆည်းရန် အမြဲပျက်ကွက်ခဲ့ရတဲ့သနားစရာ ဧကရာဇ်မင်း။
ကျေးဇူးပြု၍ ကျမ နာတာရှာ ကို အသုံးချလိုက်ပါ။"

သူမသည် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော ဧကရာဇ်မင်းမြတ်၏ ပခုံးများကို ညင်သာစွာ ပွတ်သပ်ရင်း တိုးတိုးပြောပြန်သည်။

"ကျမက အရှင့်ရဲ့သစ္စာရှိကျွန်ပဲ။ အရှင့်ရဲ့ကြီးမြတ်မှုအတွက် အရှင်ကြိုက်သလောက် ကျမကိုအသုံးချနိုင်တယ်။
အာ့တာကိုက ကျမဂုဏ်၊ ကျမရဲ့ဘုန်းကျက်သ‌ရေပါ၊ အရှင့်ကို စိတ်ပူစေတဲ့ ဧကရီကို ဖယ်ရှားပြီး အရှင့် ရဲ့ဘုန်းကြီးတဲ့ အခွင့်အာဏာအတွက် အုတ်မြစ်ချလိုက်ပါ။”

ဤနိုင်ငံ၊ ဤပြည်ရှိ အရာအားလုံးသည် ဧကရာဇ် Gillotti နှင့်သာသက်ဆိုင်တယ်။

ဧကရီ၏ခွင့်ပြုချက်မရှိဘဲ အရာခပ်သိမ်း၏အရှင်သခင်သည် စည်းစိမ်ဥစ္စာများကို အဘယ်ကြောင့် လုံခြုံစွာ စွန့်ပစ်ခြင်းမပြုနိုင်ရတာလဲ ။

ဧကရာဇ်မင်းသည် သူ၏သွားများကို တင်းတင်းကြိတ်ကာ ကောင်းကင်ကို စိုက်ကြည့်နေသည်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now