Ch(26) သေရခြင်းအကြောင်းရင်း

487 32 0
                                    

Roselyn သူမ၏ အကြည့်ကို မြှောက်လိုက်ပြီး ကျယ်ပြန့်သော ပင်လယ်ကို စိုက်ကြည့်လိုက်သည်။
ပင်လယ်၏မျက်နှာပြင်က တောက်ပနေသော နေရောင်ခြည်ကို ရောင်ပြန်ဟပ်ကာ ရတနာကဲ့သို့ တောက်ပနေသည်။ ပင်လယ်ရေသည် အချိန်တိုင်းတွင် မတူညီသောအလင်းရောင်များဖြင့် တောက်ပနေသော်လည်း အခိုက်အတန့်တိုင်းသည် ရတနာတစ်ပါးကဲ့သို့ လှပနေတာပဲ။

Roselyn သည် တဟုန်ထိုးတက်လာသော ပင်လယ်ရေကြောင့် အာရုံပျံ့လွင့်နေပြီး သူမရှေ့တွင် အစားအသောက်များ ချထားသည်ကိုပင် မေ့သွားခဲ့သည်။ တစ်စက္ကန့်မျှ သူမ ထူးထူးခြားခြား ငြိမ်သက်သွားခဲ့သည် ။

' သမုဒ္ဒရာဆိုတာ ဒါလား။

မနေ့ညက လကိုပိုင်ဆိုင်တဲ့ အနက်ရောင်ပင်လယ်ကြီးကြောင့်လည်း သူမကို မျက်စိကွယ်စေရလောက်တဲ့အထိပဲ ။
ဒါပေမယ့် နေကို ဖက်တွယ်ထားတဲ့ နေ့ပင်လယ်က ညပင်လယ်နဲ့ လုံးဝကို မတူဘူး။ နေ့ရောညပါ ပင်လယ်ကြီးဟာ တကယ်ကို ကျယ်ပြောလှတဲ့ နေရာတစ်ခုပဲ။
ထူးဆန်းပြီး စွဲမက်ဖွယ်ပဲ။ အံ့သြစရာကောင်းလောက်အောင် ချီးမွမ်းလောက်တယ်ဆိုတာ မလွဲမသွေပါပဲ။
Roselyn သည် ပင်လယ်ပြင်မှ အကြည့်တို့ လှည့်လိုက်သောအခါ Tamon က မထင်မှတ်ဘဲ ပြောလိုက်သည်။

"မင်း ပင်လယ်ကိုကြိုက်တယ်ဖြစ်မယ်။"

Roselyn က သူ့ကို ကြည့်ပြီးနောက် ခရင်းဆီ အကြည့်ကို ရွှေ့လိုက်တယ်။

“ကြိုက်ဖို့ မလိုပါဘူး။ ဒါကျမပထမဆုံးမြင်ဖူးတာမို့ပါ။"

သူမအစားအသောက် အနည်းငယ်ကို ယူ၍ ပန်းကန်ပြားပေါ် တင်ပြီးနောက် ပင်လယ်ကို မျှော်ကြည့်ပြန်သည်။

"ပထမဆုံးအကြိမ်? မင်း သမုဒ္ဒရာကို ပထမဆုံးအကြိမ် မြင်ဖူးတာလား။"

Tamon က မယုံကြည်နိုင်စွာ ပြန်မေးလိုက်တယ် ။
လက်ခံခြင်း သို့မဟုတ် ငြင်းခြင်းမရှိဘဲ Roselyn သည် သူမ၏ပန်းကန်ထဲမှ ပင်လယ်စာကို သေးသေးတစ်ပိုင်း လှီးဖြတ်လိုက်သည်။

"ဘာလို့လဲ ၊ Tanatos က ကုန်းတွင်းအင်ပါယာလဲ မဟုတ်ပါဘူး......"

"ကျမ နန်းတော်ကနေ ပိုင်ရှင်မဲ့ ထွက်သွားလို့မရဘူးလေ"

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now