CH(68)....အသက်ရှင်ပေးတဲ့အတွက်ကျေးဇူးပါ

272 19 0
                                    


နောက်ဆုံးတော့ Arsene ဟာ သူ့ရဲ့ ရှည်လျားတဲ့ အိပ်စက်မှုကနေ နိုးလာခဲ့တယ်။
သူစိတ်မငြိမ်သေးတာကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်သည်၊ အစတွင် သူဘယ်မှာရှိနေတာလဲဆိုတာကို မသိခဲ့ဘူး။
သူဖြတ်သန်းခဲ့ရတဲ့ နာကျင်မှုနဲ့ ခက်ခဲမှုတွေက ကြီးမားလွန်းတာကြောင့် Arsene လေးဟာ မျက်လုံးဖွင့်ပြီး ခဏလောက် ငုတ်တုတ်ထိုင်နေခဲ့မိပါတယ်။

'ငါတကယ် အသက်ရှင်နေပြီး နေကောင်းနေပြီပဲ'

သမုဒ္ဒရာအလယ်မှာ ဘီလူးတွေနဲ့တွေ့ပေမယ့် ဒဏ်ရာတစ်ချက်မှမရှိဘဲ ပြန်လာနိုင်ခဲ့တာကို သူမယုံနိုင်ခဲ့ပါဘူး။
အခုပဲ မျက်လုံးများမှိတ်ထားလိုက်ရင်တောင် သမုဒ္ဒရာထဲကမြင်ကွင်းတို့သည် သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာခဲ့သည်။
ကောင်းကင်ယံ၌ ပျံသန်းနေသကဲ့သို့ ရေထဲတွင် လွတ်လွတ်လပ်လပ် လွင့်မျောနေသော မျက်လုံးနီရဲရဲ နှင့်မည်းမှောင်နေသော ပင်လယ်ပြင်တွင် နေရောင်ခြည်၏ တောက်ပမှုကို ထိန်းထားနိုင်သူ...။
သူ့ပခုံးက အဆိပ်ရှိသတ္တဝါရဲ့ သွားများကြောင့် စုတ်ပြဲသွားပေမဲ့လည်း သူ့မျက်လုံးများက‌ေတာ့ သေခြင်းတရားကို မကြောက်ရွံ့နေဘူး။

'သူဟာ ရေယုန်ဘီလူး‌ေတွကို လက်ဗလာနဲ့ ခွဲပစ်လိုက်တယ်ဆိုတာကို မယုံနိုင်‌ေသးဘူး'

အဲဒီကြောက်စရာကောင်းတဲ့ မြင်ကွင်းကို တွေးမိလိုက်တိုင်း သူ့မှာ ကြောက်စရာကောင်းတဲ့ အိပ်မက်တစ်ခု ရှိနေသလိုမျိုး ခံစားလိုက်ရတယ်။
Arsene သည် အရင်ကလည်း ဘီလူးများနှင့် ကြုံတွေ့ခဲ့ရသည်။
၎င်းတို့ထဲမှ အနည်းငယ်သော ကလေးများ၊ ဧကရီနှင့် ဧကရာဇ်တို့သည် အဆောက်အဦးငယ်တစ်ခုတွင် တိုက်ခိုက်ခံခဲ့ရသည်။
ဧကရာဇ်မင်းသည် သူတို့ရှေ့မှာ တုန်တုန်ယင်ယင်နှင့် ပြေးသွားခဲ့ပြီး ရဲရင့်သော ဧကရီသည် ခြေထောက်ဒဏ်ရာရအောင်ပင် သူတို့ကို ကယ်တင်‌ေပးခဲ့သည်။

'အတားအဆိီး' ကနေ တခြားကမ္ဘာမှ ဘီလူးတွေ ထွက်လာခဲ့တယ်...။
​ကျောက်​တုံး​တွေ​ကို​ဖြို​ချ​ပြီး မြေ​ကို​ကြေ​ညက်​စေ​ပြီး ကောင်းကင်​ကို​ဖြိုခွဲ​တဲ့​ဘီလူး​တွေ​‌ေလ ။
ပြီးတော့ အဲဒီလူက သူတို့ကို လက်ဗလာနဲ့ ဖြည်းညှင်းစွာပဲ ဆုတ်ဖြဲပစ်လိုက်တယ်တဲ့.......။
အနက်ရောင်ရေပြင်မှာ တောက်ပနေတဲ့ မျက်လုံးနီရဲရဲတွေ လွင့်ပျံလာတယ်။
သူလက်လှမ်းလိုက်‌ေသာအခါတွင် Arsene အတွက် တစ်ခုတည်းသောရွေးချယ်မှုဖြစ်တာကိုသိလို့ သူတုံ့ဆိုင်းမနေနိုင်ပေ။
သူသည် နတ်ဆိုးကိုရှောင်ရန် မာရ်နတ်၏လက်ကို ကိုင်ထားရမှာကိုလည်း သူကြောက်မိသည်။
ဒါဟာ Arsene ကို ဦးဆောင်ခဲ့တဲ့ အရာတစ်ခုပါပဲ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now