Ch(39) ညာဘက်ခြေထောက်ပေးပါ

521 28 0
                                    


သူမဘေးမှာ ရပ်နေတဲ့ Tamon က လှည့်ကြည့်တယ်။
နေရောင်နမ်းနေသော သူ့မျက်လုံးများသည် ကမ္ဘာကြီးနှင့် ရောယှက်နေသော နတ်ဆိုး၏အရောင်ထက် ပင် ကြည်လင်သော သလဲသီးစေ့များကဲ့သို့ လှပလို့နေသည်။

" အခု ကျမက သေဖို့ ဆုံးဖြတ်တုန်းက ဒါမှမဟုတ် အသက်ရှင်ဖို့ ဆုံးဖြတ်တုန်းက ကျမနဲ့ အတူတူဘဲ။"

Roselyn က သူမရဲ့ လက်ရှိ စိတ်အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။

"ရှင် ကျမလက်ကို အတင်းအကြပ် ဖိအားပေးလို့ ရှင့တာဝန်ယူရမယ်။ အဲ့ဒါအတွက် အဆင်သင့်ဖြစ်ပြီလား"

Tamon ရယ်မောလိုက်သည်။

"အခု မင်းက အရင်ကလိုပါပဲ"

သူမနောက်ကျောမှာ အပြာရောင်ပင်လယ်ကြီးရှိ‌ေနတယ်။ သူမ၏ ငွေရောင်ဆံပင်များသည် နေရောင်ခြည်တွင် ရောင်ပြန်ဟပ်ကာ တောက်ပနေသောကြောင့် လျှို့ဝှက်ဆန်းကြယ်နေပြန်ပါသည်။
ဒီလို ပြိုးပြိုးပြတ်ပြတ်‌ေတာက်ပ‌ေနတာပါလား ။ Roselyn က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဒါဟာ Tamon ကို ပြုံးပြတာက ပထမဆုံးအကြိမ်ပါပဲ ။ Tamon က တစ်စက္ကန့်မှကို လက်လွတ်မခံချင်တာကြောင့် မျက်တောင်မခတ်ဘဲ သူမကို စိုက်ကြည့်လို့နေတယ်။
ထိုအချိန်တွင် သူစဉ်းစားမိလိုက်တယ် ။
အကယ်၍ ဘုရားသခင်က သူ့အား အခြားသော မြင့်မြတ်သော စွမ်းရည်ကိုသာ ပေးခဲ့မည်ဆိုပါက၊ ပြောရလျှင် သူဒိအခိုက်အတန့်လေး ကို တုံ့ဆိုင်းမနေဘဲ ထာဝစဉ် ပြန်ကစားမှာပါပဲ 🥰🥰
သူ့လည်ပင်းကို တစ်စုံတစ်ယောက်က လည်ပင်းညှစ်နေသလိုမျိုး သူ့အသက်ရှုကြပ်လို့လာသည်။
သူ့အသက်ရှုသံတိုါက ပူလောင်နေပြီး သူမအတွက် စွဲလမ်းမှုတို့နှင့်အတူ ပူလောင်လို့နေတယ် ။သူ သူမကို လိုချင်တယ် ။

ဒီအခိုက်အတန့်တွေ၊ဒိလို အပြုံးတွေ၊ အဲဒီအမျိုးသမီးရဲ့ အကြည့်တွေအားလုံးကို သူပိုင်ဆိုင်ချင်ခဲ့တယ်...။ သူသည် ၎င်းတို့အားလုံးကို လုံးလုံးပိုင်ဆိုင်ချင်ခဲ့တာ။ ဒီလို ပြင်းထန်တဲ့ ခံစားချက်မျိုး တစ်ခါမှ သူ မခံစားခဲ့ရဖူးဘူး။

"ကောင်းပြီ ကျမကရှင့်ရဲ့အဖော်ဖြစ်လာမယ်။ အပြန်အလှန်အားဖြင့် ရှင်က ကျမလုပ်ချင်တာကို လုပ်ရလိမ့်မယ်။” (ရိုစလင်း)

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now