CH (57).... ညီအစ်ကိုတို့

156 15 0
                                    

Cassion ၏မျက်နှာသည် တုန်လှုပ်ခြောက်ခြားကာ နီရဲသွားသည်။

"ဟင်...? ဒါကဘာလဲ?"

Cassion သည် သူ့မကျေနပ်မှုကို မဖုံးကွယ်နိုင်ဘဲ သူ့သွားများကို ကြိတ်လိုက်တယ်။
သူ့ကို တားဖို့ သတ္တိရှိတာကို မယုံနိုင်ခဲ့ဘူး။ သူ့အသံမှာ ဒေါသအရိပ်အယောင် တို့ ထွက်ပေါ်လာတယ်။
Satin က သက်ပြင်းချပြီး သူ့ကို နှစ်သိမ့်ပေးရင်း သူ့အသံက အရင်ကထက် ပိုပျော့ပျောင်းပြီး ဆွဲဆောင်မှုရှိလို့‌ေနတယ်။

“လေထဲမှာ အမှိုက်တွေ ရှိနေသေးတယ်။ မီးခိုးနံ့တွေလဲ ရနေသေးတယ်။ အာ့တာက အဆုတ်မကောင်းသော Master Cassion အပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိလိမ့်မည်။ အပြင်ကို သန့်ရှင်းရေးလုပ်ထားပေမယ့် အတွင်းပိုင်းကတော့ ကြည့်လို့ကောင်းတာ မဟုတ်ဘူး။”

Cassion သည် Satin ကို သံသယစိတ်ဖြင့် ငုံ့ကြည့်တယ်။

"မီးလောင်သလို အနံ့တောင်မရဘူး မင်းလိမ်နေတာလား......"

“ဒါက ဆရာကြီး Tamon အမိန့်ပေးထားတာ။ အရှေ့အနောက်ဖက်ခြမ်းကို ဘယ်သူမှကို ခွင့်မပြုဖို့ အမိန့်ထုတ်ထားတယ်။”

Tamon ၏အမည်ကိုဖော်ပြလိုက်သောအခါ၊ Satinကို ထပ်မေးခွန်းထုတ်တော့မည့် Cassion သည်မျက်မှောင်ကြုတ်ပြီးတိတ်ဆိတ်သွားသည်။
သူ့မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားသော အကြည့်ဖြင့် လှည့်ပတ်ကြည့်တယ်။
မြို့တော်က စံအိမ်သို့ရောက်တိုင်း ဤအရှေ့နောက်ဆက်တွဲအ‌ေဆာင်တွင် သူအမြဲနေခဲ့သည်။ တတိယထပ်ရှိ ပင်မအခန်းမှ သမုဒ္ဒရာ၏ မြင်ကွင်းက အထူး ကြီးကျယ်ခမ်းနားလှတယ်။
အများစုသည် ကုန်းတွင်းပိုင်း၌ နေထိုင်သောကြောင့် ပင်လယ်ကို ရှုမြင်နိုင်သော အခန်းကို နှစ်သက်ကြသည်။
Tamon သည်လည်း Cassion ၏လိုအပ်ချက်များကို အမြဲဂရုစိုက်‌ေပးခဲ့သည်။ Tamon က သူ့ကို လိုချင်တဲ့ အခန်းလဲ ပေးခဲ့တယ်။ Cassion က ဒါဟာ သဘာဝလို့ ထင်ခဲ့တာ။
Tamon က သူ့အတွက်ဒိလိုလုပ်ဆောင်တာကို ဟန့်တားစေမည့် အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ်တွင် မည်သည့်အရာမှ ရှိလာလိမ့်မည်လို့သူမထင်ခဲ့ဘူး။(Casion)

Cassion က မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်တော့ မီးရှိတယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။
အိုးခြမ်းကွဲ အပိုင်းအစများကို မမြင်ရသော်လည်း သူတို့ကမီးဟု ဆိုနေကြဆဲပဲ ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now