Ch (25) ဧကရီရဲ့ ရတနာဘယ်မှာလဲ

615 34 0
                                    

ကောင်လေးက တစ်ပတ်လုံး၊ နေ့ရောညပါ ပြေးလို့နေတယ်။
မဟုတ်ဘူး၊ ဘယ်လောက်ကြာသွားမှန်းတောင် မသိဘဲ တည့်တည့်ကို ပြေးနေခဲ့တာ။
လာအိုဆန်ဒေသကို လယ်သမားလှည်းအကူအညီနဲ့ ဖြတ်သန်းတဲ့အခါမှလွဲရင် အများစုဟာ ခြေဗလာနဲ့ပဲ ပြေးခဲ့ရတာ။
သူအစားနည်းနည်းလေးပဲစားရလို့ ခေါင်းကိုက်လို့နေပြီ ။ သူ့ခြေထောက်တွေက တဖျပ်ဖျပ်တုန်နေပြီး ဖူးယောင်နေတဲ့နှုတ်ခမ်းတွေက သွေးတွေနဲ့ ကွဲလို့နေတယ်။

'နည်းနည်းပိုပြီး....'

သူ့မှာ ပိုက်ဆံမရှိလို့ ရွာမှာ ရပ်နားရမှာ ကြောက်တယ် ။ ကောင်လေးက သူ့ကို ခြေရာခံမိမှာကြောက်လို့ ပင်လယ်ဘက်ဆီကို ရူးသွပ်စွာ ပြေးသွားခဲ့တယ်။

"တောင်းပန်ပါတယ်။ ငါ မင်းကို ဒီလို တောင်းဆိုရတဲ့အတွက်တောင်းပန်ပါတယ် ပျက်စီးသွားလဲ အဆင်ပြေပါတယ်။ အကယ်၍ … အန္တရာယ်များလွန်းတယ်လို့ ထင်ရင် စွန့်ပစ်လိုက်‌ တုံ့ဆိုင်းမနေနဲ့နော်" လို့

အလန်းတန်းများလို ပြိုးပြိုးပြက်ပြက် တောက်ပတဲ့ဧကရီထံမှ အမိန့်တစ်ခု

'မဟုတ်ဘူး၊ ဒါက အမိန့်တစ်ခုမဟုတ်ပါဘူး '

တကယ်တော့ Arsene ကသာ သူမကို တောင်းပန်ခဲ့တာ။

"အရှင်မအတွက် ကျတော် ဘာမဆိုလုပ်ပေးပ့ါမယ် ကျေးဇူးပြုပြီး ကျတော့်ကိုသုံးပါ......"

နိုင်ငံ၏အကောင်းဆုံးအမျိုးသမီး၏ခြေရင်း၌၊ အသက် ၁၅ နှစ်အရွယ် Arsene ကရဲရင့်စွာတောင်းဆိုခဲ့တာ။

"....မင်းဒါကိုအဆင်ပြေမယ်ဆိုတာသေချာရဲ့လား"

"ဟုတ်ကဲ့ ကျေးဇူးပြုပြီး ဧကရီအတွက် တတ်နိုင်သမျှကို လုပ်ပေးချင်တာပါ ကျေးဇူးပြုပြီး...."

ကောင်လေး၏ ပါးပြင် တစ်ခုပေါ်မှာ နှစ်လကြာရှည်နေပြီဖြစ်တဲ့ ဒဏ်ရာကြောင့် အနည်းငယ် အမာရွတ်လေးရှိနေတယ်။
ဘီလူး တွေ တိုက်ခိုက်တုန်းက ပြိုကျနေတဲ့ အဆောက်အဦးအောက်မှာ ဧကရီနဲ့ အတူရှိနေခဲ့တဲ့ ကလေးလေး ဟာ သူပါပဲ ။အာ့နေ့တုံးက ကလေးငယ်လေးက မျက်လုံးအောက်မှ မေးစေ့အထိ ရှည်လျားတဲ့စုတ်ပြဲဒဏ်ရာကို ခံစားခဲ့ရတယ်။

မိဘုရား ခိုးတာဘယ်သူလဲDär berättelser lever. Upptäck nu