CH(62)...... Roselyn ၏ဒေါသ

231 19 4
                                    

စကားပြန်က သူ့စကားကြားတော့ Cassionကို ဒေါသမျက်နှာနဲ့ ကြည့်တယ်။
သူမပြောတာကို သိချင်နေတဲ့ Cassion က သူ့ကို တိုက်တွန်းတဲ့အခါ စကားပြန်က သူ့မှာ ရွေးချယ်စရာမရှိဘူး။

"သူမက မင်းကို မပြောပြချင်ဘူး...."

"ဘာလဲ? ဘာလို့မ‌ေပြာချငိတာလဲ?"

ဒီတစ်ခါတော့ စကားပြန်က ဘာသာမပြန်ခင် Roselyn က အရင်ပြောခဲ့တယ်။

[ဘာလို့ပြောရမှာလဲ ဒီလို ရိုင်းစိုင်းတဲ့ ယောက်ျားကို ပြောပြရမလား။]

"သူမက ဘာလို့ မိုက်ရိုင်းတဲ့လူကို သူ့နာမည်ကို ပြောပြရမှာလဲတဲ့"

စကားပြန်၏စကားကြောင့် Cassion ၏မျက်နှာမှာ ရှုံ့တွသွားသည်။
သူ့မျက်နှာက အမှားမဟုတ်တာကြောင့် အနည်းငယ်နီသွားပေမယ့် သူကတော့ ယုံကြည်မှုရှိနေဆဲပါ။

"ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ်!"

သူ၏ရဲရင့်သောအဖြေက Satin၊ Asrell နှင့်အမွှာများ မျက်လုံးပြူးကျယ်သွားစေသည်။
သူတို့ မရယ်သင့်ပေမယ့် Cassian ရဲ့ တုံ့ပြန်မှုက အရမ်းမမျှော်လင့်ဘဲ အပြစ်ကင်းတဲ့အတွက် ပေါက်ကွဲထွက်ကာ ရယ်မောခဲ့ကြရတယ်။
Owen က သူမျှော်လင့်ထားသလိုပဲ သူ့နဖူးကိုသာ ကိုင်လိုက်မိပြီး သက်ပြင်းချလိုက်‌ေတာ့တယ်။
သူ့သခင်က ကလေးဆန်တယ်။
တကယ်တော့ သူက ငယ်စဉ်ကလေးဘဝ တစ်ခုလုံးကို ဖျားနာနေခဲ့တာကြောင့် အိပ်ရာပေါ်တွင်သာ ကုန်ဆုံးခဲ့ရခြင်း ၊ သူ့သူငယ်ချင်းများနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံခြင်း ၊ လူမှုရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း တွေမှာကယောင်ကတမ်း ဖြင့် နေထိုင်ခဲ့ရတာကြောင့် ဒီလိုမျိုး ဖြစ်ခဲ့ရတာ။
Tamon Krasis ကလည်း Cassion လုပ်ချင်သမျှကိုလုပ်‌ေပးခဲ့တယ်။

Cassion သည် လွတ်လပ်သော စိတ်ဓာတ်နှင့် အသိဥာဏ်ကင်းမဲ့သော အရွယ်ရောက်ပြီးသူ ဖြစ်လာခဲ့သည်။ ဟုတ်ပါတယ် Owen က သူ့သခင်ရဲ့ ဖြူစင်မှုကို သဘောကျတယ်။
လွန်ခဲ့သည့် ရက်အနည်းငယ်အထိ သူသည် ပင်လယ်ထဲသို့ မကြောက်မရွံ့ ခုန်ချပြီး အရှေ့အနောက်ဘက်‌ေဆာင်သို့ သွားခဲ့သည်။

“…မရယ်နဲ့”

Cassion က ရယ်မောနေသော Satin ကို သတိပေးလိုက်သည်၊ Asrell သည် သူမကြားလိုက်သည့်အရာကို သူမ မသိသလိုပံုမျိုးထားလိုက်ပြီး အမြွှာနှစ်ယောက်စလုံးကတော့ အံ့သြသွားပုံရသည်။
ဒါပေမယ့် Roselyn ကတော့ မရယ်။ သူမတကယ်ဒေါသထွက်နေပုံရသည်။ သူမသည် ကျွန်ပြုခြင်းနှင့် မောင်းမမိဿံအကြောင်းကြောင့်ဖြစ်လာပေမဲ့ နိုင်ငံတစ်ခု၏ မိဖုရားလိုမျိုး အေးခဲသောမျက်လုံးများဖြင့် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လို့နေသည်။

မိဘုရား ခိုးတာဘယ်သူလဲOnde as histórias ganham vida. Descobre agora