CH(66) .... ကြိုဆိုပါတယ်။

227 21 0
                                    

"……ခဗျာ ?"

"ငါ နှစ်ခါ မပြောရ‌ေစနဲ့ Satin"

"အာ ဟုတ်ကဲ့။ နားလည်ပါပြီ။ Lady အာရန်ရိုရှား အာရှာ ကို ပို့ပေးလိုက်ပါ့မယ်။ ဒီကြားထဲမှာ ဆရာ့ရဲ့ အခြေအနေကို ကြည့်လို့ရမလား"

"မလိုဘူး။ Asha ကိုသာ ခေါ်လာခဲ့ပေးရုံပဲ”

Tamon ၏ ပြတ်ပြတ်သားသား စကားကြောင့် Jorge က "အဲ့ဒါကို ကြည့်စမ်းပါအုံး" လို့ ပြောသလိုမျိုး သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိလိုက်တယ်။
Jorge ကြားဖူးတဲ့ ထူးဆန်းတဲ့ အသံတစ်ခု ဖြစ်ပုံရပါတယ်။
Satin သည် ခေတ္တမျှ စိတ်ဆင်းရဲသွားပြီး လျှင်မြန်စွာ လှည့်ထွက်သွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ သူသည် Aranrosia ကိုခေါ်ဆောင်လာသော Asrell နဲ့ဆုံခဲ့သည်။

"သခင်ကြီး အခြေအနေ ဘယ်လိုလဲ"

Satin သည် သူလည်းမသိကြောင်း ညွှန်ပြသလို ခေါင်းခါယမ်းပြကာ Roselyn ကို ကြည့်လိုက်သည်။

"သခင်ကြီးက မင်းကို တွေ့ချင်နေတာ။"

Roselyn က သူမ သိသလို ခေါင်းညိတ်ကာ အမြန်ထွက်သွားလိုက်သည်။
သူမနောက်မှ Cassion က လိုက်ခဲ့ပေမဲ့ သူ ဝင်မနိုင်ခဲ့ပါဘူး။ အကြောင်းကတော့ သူတို့မျက်နှာပေါ်က  အရေးတကြီးပံုစံကို သူဖတ်မိလို့ပါပဲ။

"သခင်ကြီး က ရေချိုးခန်းထဲမှာ ရှိ‌ေနတယ်"

Roselyn သည် သူ့အသံဖျားနဲ့ ပြောနေနဲ့ Satin ၏ စကားများကို ချန်ရစ်ထားခဲ့ပြီး သူမ၏ခြေ‌ေထာက်ကို အစွမ်းကုန် လှုပ်ရှားလိုက်တော့တယ်။
သူမ၏ ခြေထောက်များသည် အလွန်မြန်တာကြောင့် လမ်းလျှောက်တာလား ပြေးတာလားဆိုတာကို‌ေတာင် သိရန်ခက်ခဲတယ်။
သူမ၏နောက်သို့လိုက်နေသည့် Cassion ၏အကြည့်သည် သူမ၏ခြေရင်းဆီရောက်ရှိသွားသည်။ ထူးဆန်းသောခံစားမှုတစ်ခုဖြင့် Cassion သည် သူမအား စိုက်ကြည့်နေခဲ့သည်။

…………… ခြေထောက်က သက်သာသွားတာလား

Roselyn သည် မတုန့်ဆိုင်း ပြေးလို့နေသည်။ (ဧကရီက ‌ေခြထောက်တွေ ပြန်ကောင်းလာ‌ေတာ့မယ်ထင်တယ်နော် )

***

"သူ​တော်​​တော်​နာ​နေပြီလို့​ပြောတယ်​!"

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now