Chapter (18) အချစ်‌အကြောင်းဆိုရင်ကော ဘယ်လိုလဲ

909 47 0
                                    

Tamon လည်း စိတ်ရှုပ်သွားသည် ။
ဘာကြောင့် သူ က သူမကို တစ်ယောက်တည်း မထားခဲ့နိုင်ရတာလဲ။
သူ သူမကို အလွန်မုန်းတီးခဲ့ပြီး၊ သူမက အလွန်စိတ်တိုစရာကောင်းတဲ့ မိန်းမတစ်ယောက်ပဲလေ။
သူနှင့် တစ်ခါမျှ သင့်တင့်အောင့် စကားမစဆ်ိုဖူးသော အမျိုးသမီးတစ်ဦး၊ ရန်သူအဖြစ် နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့တဲ့ အမျိုးသမီး။
လှပပြီး သန်မာပေမယ့် သနားစရာကောင်းတဲ့ဒီမိန်းမတစ်ယောက်ကတော့ သူ့ကို အချိန်တိုင်း ဒုက္ခပေးတတ်သူပဲ။

"မင်းအတွက်လိုအပ်တဲ့ အသက်စွမ်းအားအားလုံးကို ငါပေးခဲ့တယ်။"

Roselyn ၏ မျက်ခုံးများ တွန့်ချိုးသွားတယ်။

"ကျမ မလိုအပ်ပါဘူး။"

Tamon က သူမမျက်၀န်းတွေကို ကြည့်ပြီး ပြုံးလိုက်တယ်။

"အသက်ရှင်ဖို့ အကြောင်းပြချက်မရှိရင် ငါတို့ဖန်တီးနိုင်မယ်လို့မထင်ဘူးလား"

သူ့လက်တို့က သူမရဲ့ ပါးလွှာသောပါးပြင်ကို ဆုပ်ကိုင်လို့ထားတယ်။

"မင်းဘာလိုချင်လဲ? မုန်းတီးခြင်းလား? ကလဲ့စားချေချင်လား? Tanatos ပြိုလဲတာဆိုရင်ကော ဘယ်လိုလဲ။"

"မလိုချင်ပါဘူး... အဲဒါက မမျှတဘူး"

Roselyn က ခါးခါးသိးသီး ငေါက်ငမ်းပြောလိုက်တယ်။
ဒါက စွမ်းအားကို ဆုံးရှုံးသွားသည့်တိုင် သူမ ပြိုလဲတော့မည်ဟု ခံစားရတာပဲ။
စိုစွတ်သော ရေချိုးခန်းလေက သူတို့နှစ်ယောက်လုံးကို ဝိုင်းရံလို့ထားတာ်။ Roselyn သည် ပိန်ပါးမေဲ့ လည်း သူမ၏ နှုတ်ခမ်းများကတော့ ပြည့်ဖောင်းပြီး တောက်ပြောင်လို့နေတယ်။ Tamon သူ့ရင်ထဲက တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒကို မျိုသိပ်ထားလိုက်တယ်။
သားရဲကဲ့သို့ ပျံ့နှံ့နေသော ဗီဇများကို ဖိနှိပ်လိုက်ခြင်းကသူလုပ်နိုင်တဲ့ အကောင်းဆုံးအရာများထဲမှ တစ်ခုပဲ။

ဒါပေမယ့် ဒီအမျိုးသမီးရှေ့မှာတော့ ဘယ်တော့မှ အလုပ်မဖြစ်ခဲ့ဘူး။

"ဒါဆို အချစ်ဆိုရင်ကော ဘယ်လိုလဲ"

Roselyn ၏တုံ့ပြန်မှုက Tamon ကြားဖူးသမျှစကားလုံးများထက်ပင် ပို၍ကျယ်လောင်တယ်။
သူမ၏ မျက်မှောင်ကြုတ်သော အကြည့်၊ စူးစူးဝါးဝါး မျက်၀န်းတို့ သူမ၏ ရင်ဘတ်တို့က မယုံနိုင်စရာ တစ်စုံတစ်ရာကို ကြားလိုက်ရသလို တလိမ့်လိမ့် မြင့်ချည်နိမ့်ချည်ဖြစ်လာတာကို သူမြင်နေရတယ်။

မိဘုရား ခိုးတာဘယ်သူလဲTempat cerita menjadi hidup. Temukan sekarang