Ch. (၂၂)ဝမ်းနည်းခြင်းမှ လွတ်မြောက်နည်း

541 40 0
                                    

သူ၏ စူးရှနာကျင်နေသွားတဲ့ ရင်ဘတ်ကို ပုတ်နေသော Ronasso က တုန်ရီနေသော မျက်နှာဖြင့် Tamon ကို စိုက်ကြည့်လို့နေသည်။

" ဘာရယ်စရာတွေပြောနေတာလဲ"

"မင်းက ငါ့အတွက် မင်းအသက်အန္တရာယ်ရှိတာတောင် မင်းဘာကြောင့် လိမ်ပေးမှာလဲလို့ ငါတွေးမိတယ်... ယောက်ျားတစ်‌ေယာက်က ဒီလိုလုပ်ရင် ဒါဟာ စွမ်းအားရှိလို့ ဒါမှမဟုတ် အချစ်ပဲ မဟုတ်ဘူးလား"

* (ငါရီသေပါပြီTamonရယ်)*

Ronasso က အေးအေးဆေးဆေး ပြန်ဖြေသော Tamon ကို အံသြစွာ ကြည့်နေမိသည်။ ပါးစပ်မှ စိုသွားသောရေတို့ကို ကို သုတ်လိုက်ပြီး စူးစူးရှရှအသံကျယ်ကြီး ဖြင့် အော်ပြောလိုက်တယ်။

“မင်းဟာ ငါ့ရဲ့ ကျေးဇူးရှင်နဲ့ ငါ့သူငယ်ချင်း။ မင်းကိုတစ်ယောက်တည်း အန္တရာယ်ထဲ မကျရောက်စေချင်လို့ကွ"

နတ်သမီးပုံပြင်တွေထဲကလို  လှပတဲ့ စကား တစ်ခုလိုပဲထွက်လာခဲ့တယ်။ ဒါတောင် တစ်နည်းနည်းနဲ့ Tamon က Ronasso နဲ့လဲတူတယ်လို့ ထင်ရပါတယ်လေ ။
သူက ရိုးသားပြီး အပြစ်ကင်းသော သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ပင်ပန်းသမျှကာလပတ်လုံးတွင်ပင် အချစ်ရေးခံစားချက်များကို သိုဝှက်ထားဆဲဖြစ်သည်......။
ဒါ့ကြောင့်လဲ Tamon က Ronasso ကို ယုံကြည်ခဲ့တာ။

"ဒါဆို မင်းရဲ့အသက်ပေးရ‌ေလာက်တဲ့ သူငယ်ချင်းက ဆုလာဘ်တစ်ခုအနေနဲ့ ငါ့လျှို့ဝှက်ချက်တစ်ခုကို ပြောပြရမလား"

လျှို့ဝှက်ဆိုတဲ့စကားအသံက ရိုနာဆို၏ နားထဲတွင် ကျယ်လာသည်။
ဘာလို့ဆို၊ဒီကြီးစွာသောလျှို့ဝှက်ချက်က သူ့အပေါ်မှာ မည်မျှကြီးမားသော ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်ဝတ္တရားရှိမလဲဆိုတာကို သူမသိ။
Tamon က Ronasso ကို နှောင့်ယှက်သလို ယုတ်မာသော အပြုံးဖြင့် ပါးစပ်ကို ဖွင့်လိုက်သည်။

“တကယ်တော့………”

***

"ရိုစီ!"

Anna ဟာ ငယ်ငယ်တုန်းက တင်းတိပ်တွေ အများကြီးရှိခဲ့တယ်။
နီရဲတင်းတိပ်တွေပြည့်နေတဲ့ သူမရဲ့မျက်နှာလေးကို တောက်ပစွာပြုံးပြလိုက်တဲ့အခါ သူမပတ်ဝန်းကျင်က ကမ္ဘာကြီးကို တောက်ပစေလိုက်သလိုပါပဲ။ Roselyn အတွက် Anna က နေရောင်ခြည်ကဲ့သို့ သူငယ်ချင်းလေးပါပဲ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now