CH (93)....ငါ မင်းကိုပြောပြနိုင်တယ်

150 10 0
                                    

Hartz ဒီနေရာမှာတစ်ယောက်ထဲဖြစ်နေရတာထက်Mana တစ်ယောက်တည်း ဖြစ်နေတဲ့အတွက် ပိုစိုးရိမ်တယ်။
ထူးဆန်းတာက သူ့ထက် အများကြီးငယ်တဲ့ Hannah ထက်တောင် Mana ကို ပိုစိုးရိမ်ရတယ်။

'ဒါပေမယ့် သူ့အတွက် စိုးရိမ်လို့ဆိုပြီး ဒေါသပုန်ထနေမှာ သေချာတယ်'

Hartz သည် အသက်ပြင်းပြင်းရှူရင်း Hannah နှင့် Mana အကြောင်းကို တွေးနေမိတယ်။
Mana မှန်တယ်။ကိုယ်တိုင် အကျဉ်းကျနေချိန်မှ‌ေတာင်သူက သူတို့အတွက် စိတ်ပူနေမိတာပဲ။
Hartz က လာမည့်‌ေသခြင်းတရားကို တိုက်ဖျက်ဖို့တွက် စွမ်းအင်ကိုစုဆောင်းနေခဲ့တယ်။
နှမြောစရာကောင်းလောက်အောင် လှပတဲ့အသားအရေနဲ့ ကြမ်းတမ်းရက်စက်တဲ့ Tanatosရဲ့ ဧကရဇ်။
ဧကရာဇ်သည် သူ့မိခင်ကို ဘယ်သောအခါမှ မချစ်ခဲ့ဘဲ၊ သူ့ဖခင်သည် ပြီးပြည့်စုံသော ပညာရှင်တစ်ဦးဖြစ်ပြီး သူ့ကို ပွေ့ဖက်ခဲ့ခြင်းမျိုးမရှိခဲ့ပေ။
ချမ်းသာကြွယ်ဝပြီး မေတ္တာတရားနှင့် သည်းခံခြင်းတရားကို မလေ့လာရသေးသော ကလေးက ပုံပျက်ပန်းပျက်ဖြစ်အောင် ဘယ်လို‌ေတာင်ကြီးပြင်းလာနိုင်ရတာလဲ။
အကြပ်အတည်းတစ်ခုဆို သူကလက်ထဲတွင်ကိုင်ထားသည့်အရာကိုပင် ကြမ်းပြင်ပေါ်သို့ ပစ်ချကာ ခြေဖြင့်နင်းမဲ့သူပင်။
ဧကရာဇ်ထက်ပိုသတိထားရမည့် အမျိုးသမီးရှိတယ်။ Natasha Roanti ... ပန်းလို မျက်နှာနဲ့ မြွေလို စိတ်ဝိညာဉ်ရှိတဲ့မိန်းမ။
သူမက သူမနှင့် သူမကလေး အသက်ရှင်သန်နိုင်ရေးအတွက်ဆို ဘာမဆို လုပ်တတ်တဲ့ အမျိုးသမီးတစ်ယောက်။
ဒါဟာ အရမ်းဆိုးတာတော့မဟုတ်ပေမယ့် အဓိက က ဒီအမျိုးသမီးရဲ့နည်းလမ်းတွေက တရားမျှတမှုမရှိသလို ယုတ်ညံ့တဲ့နည်းလမ်းတွေကြောင့်ပဲ  ပြဿနာ‌ေတွဖြစ်ခဲ့ရတယ်။

Hartz မျှော်စင်ပေါ်တက်လာနေတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ သေချာတယ် ဒါ စစ်သားတွေရဲ့ အသံပဲ။
စစ်သားတွေ မဝင်လာခင် Hartzကအရင်ထတယ်။ဘယ်အခြေအနေမျိုးဖြစ်ဖြစ် ဆွဲ ခေါ်ခံရတာမျိုးကို သူမကြိုက်ဘူး။
တံခါးရုတ်တရက်ပွင့်လာတာနှင့် သူကဦးစွာပြောလိုက်သည်။

“ငါ့ခြေထောက်နဲ့ ငါ သွားမယ်။ မင်းတို့ ငါ့ကို ကြမ်းတမ်းစွာဆက်ဆံရင် မင်းတို့ရဲ့အရှက်ကွဲမှု‌ေတွကို ငါပြောရလိမ့်မယ်။ မင်းတို့ငါ့ကို ယဉ်ကျေးစွာဆက်ဆံရင် မင်း အထူးသတိထားသင့်တဲ့လူတွေကို ငါပြောပြမယ်။"

မိဘုရား ခိုးတာဘယ်သူလဲTahanan ng mga kuwento. Tumuklas ngayon