CH(46).....စိတ်ပျက်တယ်။

293 21 0
                                    

“….ကျမရဲ့ သနားကောင်းတဲ့ ဘုရင်ကြီးရေ "

နာတာရှာရဲ့ပျော့ပျောင်းသောလက်တို့က Gillotti ၏ ချွေးစေးများထွက်နေသော နဖူးပေါ်သို့ ပြေးတက်သွားသည်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က နေကောင်းနေခဲ့ပေမယ့် ဒီနေ့တော့ သူပြိုလဲကျပြန်ပြပြီ။ လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ချောင်းဆိုးခဲ့တာက အခုအဖျားတက်လာတယ်။
အကြောင်းပြချက် မရှိသလို လက္ခဏာလည်း မရှိခဲ့ဘူး။
ရိုးရိုးအအေးမိတာ ဒါ့မဟုတ် ဒဏ်ရာ‌ေကြာင့်လဲမဟုတ်ပေ။

“အရှင်မင်းကြီး။ ဒါ ဘုန်းတော်ကြီးတောင်မှ ဘာမှလုပ်လို့မရဘူး...။ စောင့်ကြည့်ရုံပဲ စောင့်လို့ရပါ့မယ်။ အရာခပ်သိမ်းက ဘုရားသခင်၏အလိုတော်ပါပဲ။”

တစ်နည်းဆိုရသော် သူသည် ဧကရာဇ်ဖြစ်ခဲ့ရင်‌ေတာင် အရေးမကြီးပါဘူး၊ သူဆင်းရဲခံရန်မှတပါး ရွေးချယ်စရာမရှိဘူးလေ ။
ကံကောင်းထောက်မစွာ၊ ရက်အနည်းငယ်ကြာအောင် ခက်ခက်ခဲခဲကြုံတွေ့ခဲ့ရပြီးနောက်တွင် သူခြေ‌ေပါ်ပြန်ရပ်နိုင်ခဲ့သော်လည်း ဒိလ်ိုကိစ္စမျိုးက ထပ်ခါထပ်ခါဖြစ်ခဲ့တယ်လေ ။

“အရှင်မင်းကြီးရယ်၊ ဘယ်လိုများတောင် ဒီလောက်ပိန်သွားရတာလဲ။ Natasha ရဲ့ နှလုံးသားက အရမ်းနာကျင်နေရပါတယ်”

နာတာရှာသည် သူ့ရဲ့ ဖြူဖျော့သော ပါးပြင်နှင့် နဖူးတို့ကို ပွတ်သပ်ကာ လည်ပင်းကိုလဲ ပွတ်သပ်ပေးနေကာ “သနားစရာ” ဟူသော စကားကို ထပ်ခါတလဲလဲ ပြောလို့‌ေနခဲ့တယ်။
အသက်ပြင်းပြင်းရှူနေရသော Gillotti သည် မောပန်းနွမ်းနယ်နေသော မျက်လုံးများကိုဖွင့်ကာ သူမကို ကြည့်နေသည်။

“…..တာရှာ။”

"အရှင်မင်းကြီး။"

နာတာရှာသည် Gillotti ၏ပိန်းပါးနေသော လက်ကို တင်းတင်းဆုပ်ကိုင်လို့ထားသည်။

"ကိုယ်တော် ဘယ်လောက်ကြာအောင် အိပ်ခဲ့တာလဲ"

"အရှင် ဒီမနက်က ပြိုလဲကျသွားတာ ဆယ့်နှစ်နာရီ တိတိ ရှိပါပြီ"

" ဒီကြားထဲမှာ မင်း...ကိုယ်တော့်ကို ကာကွယ်ခဲ့တယ်...

(Gillotti ချောင်းဆိုးသံ)

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now