CH(63)..... မျက်လုံးနီကယ်တင်ရှင်

176 13 0
                                    

[အော်ဟစ်သံ]

Boom! Boom! Boom! Boom!

ကျယ်လောင်စွာအော်သံနှင့်အတူ သင်္ဘောသည် တုန်ခါသွားခဲ့သည်။
Arsene သည် သံတိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ပျို့အန်ခြင်းတာကြောင့် ပါးစပ်ကို ညှစ်ထားလိုက်သည်။
အန်ဖို့အတွက် အချိန်ကောင်းမဟုတ်‌ေသးဘူး။

"ဘာတွေဖြစ်နေတာလဲ?"

Arsene သည် သံတိုင်းကြားထဲတွင် ရက်အနည်းငယ်ကြာအောင်နေခဲ့ပြီးဖြစ်သည်။
ကံကောင်းထောက်မစွာ၊ သူသည် ပြင်းထန်သော လှုပ်ရှားမှု‌ေကြာင့်အဖျားရောဂါ မရရှိခဲ့တာကြောင့် သင်္ဘောလှုပ်ခြင်းကို ခံနိုင်ရည်ရှိခဲ့သည်။
လှောင်အိမ်အပေါ်မှ ဖုံးအုပ်ထားတဲ့အထည်က တစ်ခုခု‌ေကြာင့် ခေါက်ထားခဲ့ပြီး နေ့နဲ့ညကို ခွဲခြားနိုင်စေခဲ့သည်။
သင်္ဘော၏မျက်နှာကျက်တွင် ဖွင့်ထားသော ပြတင်းပေါက်ငယ်များစွာရှိပြီး အပြင်ဘက်ကိုလည်း မြင်နိုင်သည်။
သူတို့မှတစ်ဆင့် နေရောင်အနည်းငယ်ကို မြင်နိုင်ပြီး သင်္ဘောသားများ၏ အသံကိုပင် မှုန်ဝါးဝါး ကြားနေရသည်။
ကုန်ပစ္စည်းများဖြင့် ထုပ်ပိုးထားသော သင်္ဘောခန်းကြီးတစ်ခုထဲတွင် Arsene ကဲ့သို့ ကလေးများရဲ့ လှောင်အိမ်များစွာ အတန်းလိုက် သော့ခတ်လို့ထားသည်။

တစ်ချို့က အရမ်းနာလွန်းလို့ အော့အန်ထားသလို အနံ့‌ေတွပင်ထွက်နေတယ်။
ပုန်ကန်ရင် မေ့ဆေးပေးမှာမို့ ကလေးတွေ အားလုံး ရှုံ့မဲ့သွားတယ်။
Arsene သည် နောက်ထပ် ပုန်ကန်မှု မပြုရန် တားထားလိုက်သည်။
အခုက ထွက်ပြေးရမယ့်အချိန်မဟုတ်သေးဘူး။
သင်္ဘောပေါ်က ဆင်းချိန်မှာတော့ သူ အခွင့်ကောင်းယူပြီး လွတ်မြောက်ရမယ်။
သင်္ဘောပေါ်ရှိ နေ့ရက်များ ကုန်လွန်သွားသော်လည်း သူ့ခရီးဆုံးကို ဘယ်အချိန်ရောက်မည်ကို သူ မသိပေ။ ဒါက ကောင်လေးကို အရမ်းစိတ်ရှုပ်သွားစေတယ်။

"အမြန်​ဆုံး​ရောက်​မှရမယ်​......"

ထို့နောက် ရုတ်တရက် လေထုသည် မနေ့ညကတည်းက ထူးဆန်းလာသည်။

[မြူ။ D*mn မြူမှိုင်းတွေ။ ဘုရားရေ။]

[လူတိုင်း၊ အရှိန်မြှင့်။ မြူတွေထူထပ်မလာခင် မြန်မြန်ဖြတ်ရမယ်‌ေဟ့။]

မိဘုရား ခိုးတာဘယ်သူလဲDär berättelser lever. Upptäck nu