CH(80)... သက်သေပြပါ့မယ်

156 14 0
                                    

ရင်ပြင်ရှိ ပရမ်းပတာအ‌ေခြအ‌ေနများကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာ၊ အသေအပျောက်မရှိခဲ့သဖြင့် ပြည်သူများ၏ ကြောက်ရွံ့မှုကို မတိုးစေခဲ့ပါဘူး။
သူရဲကောင်းများ နှင့် ခြေလျင်တပ်များ ဝိုင်းအုံလာပြီး  ဗရမ်းဗတာဖြစ်နေတဲ့လမ်းများကို ထိန်းလိုက်ကြပြီ အုပ်ချုပ်မှုတွင် ပါဝင်သည့်  တော်ဝင်တရားရုံးက မှူးမတ်တို့လည်း ပါ၀င်လာကြသည်။

" ဒါကြီးကဘယ်လို‌ေတာင်စည်း ရှိနေရတာလဲ"

"ငါဘယ်လိုသိမှာလဲ မြို့တော်မှာ စည်းတောင် မမြင်ဖူးဘူး!"

“ဒီမှာကြည့်၊ Marquis Ralph! "စည်း" ဖြစ်စဉ်ကို လေ့လာဖို့ ငွေဘယ်‌ေလာက်‌ေတာင်မှယူခဲ့သလဲ ၊ အဲဒါက အဖြေပဲ‌ေလ။"

"'လျှပ်စီးကြောင်းဖြစ်စဉ်' ကိုလေ့လာဖို့‌ေကာ မင်း ငွေဘယ်လောက်ယူခဲ့သလဲ "ဒါကကောအ‌ေဖြလို့ မင်းထင်လား။

"လုပ်စမ်းပါ ! အဲဒါက အခု အရေးကြီးတာ မဟုတ်ဘူး။ ပထမဆုံးအနေနဲ့ ကျန်တဲ့ပွဲတော်တွေမှာ ထပ်ပြီး ကွာဟမှုမရှိအောင် ကုန်ကျစရိတ်တွေ ထပ်ထည့်ဖို့ လိုတယ်။ ဒီပွဲတော်မှာ မင်းဘယ်လောက်ရင်းနှီးမြှပ်နှံခဲ့လဲ။ ဒီလိုမျိုးအဆုံးသတ်လို့ မရဘူး ဟုတ်တယ်မလား"

“မလိုအပ်ဘဲ အသုံးစရိတ်ထပ်ထည့်ရင်………….”

"ဒါပေမယ့် ကိစ္စမရှိဘူး....!"

"ဒါဆို အ​ခြေအ​နေကို အရင်​ပြင်​လိုက်​ရ​အောင်​.........."

တော်ဝင်နန်းတော် အစည်းအဝေးခန်းရှိ မီးရောင်များကပိုမိုတောက်ပလာသည်။ အမြင်ချင်းဖလှယ်တဲ့ အသံတွေဟာလည်း အရင်ကထက် ပိုပြီး ကွဲပြားလာခဲ့ကြတယ်။
မနက်မိုးမလင်းခင်မှာ ခစား၀င်လာဖို့ ခေါ်လိုက်ပေမယ့် ဘယ်သူမှ မညည်းညူနိုင်ကြပါဘူး။
နောက်ကျမှသူတို့ ရင်ပြင်သို့ရောက်ကြလို့၊  ရှင်ဘုရင်ရဲ့ တန်ခိုးဖြင့် နတ်ဆိုးများကို သုတ်သင်ထားသည့် မြင်ကွင်းကိုသာ မြင်ကြရတော့တယ်။
မှူးမတ်တွေက ကြောက်စရာကောင်းတယ်လို့ ပြောကြပေမယ့် အဲဒီလောက် အစွမ်းထက်တဲ့ စွမ်းအား ဘယ်လိုနိုးထလာလည်း သူတို့ နားမလည်နိုင်တော့ဘူး။
စပါးအထွက်ကောင်းရုံသာ အကျိုးသက်ရောက်လိမ့်မယ်လ်ို့သာ သူတို့ထင်ခဲ့ကြသော်လည်း ဘီလူးများကို သုတ်သင်ရန်ပင် လုံလောက်တဲ့ ကြောက်မက်ဖွယ်စွမ်းရည်တစ်ခုဖြစ်လို့နေတယ်။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now