Ch (33). ကိုယ့်ရဲ့မြေခွေးဖြူလေး

634 31 0
                                    

"မဟုတ်ဘူး ဒါဆို ဒီမိန်းမက ဘယ်သူလဲ"

"ဒါက Nyrux ရှိ ကျွန်ဈေးကနေ အထူးစျေးနဲ့ ဝယ်ခဲ့တဲ့ အမျိုးသမီးပဲ"

"ဘာလဲ? မင်း မိန်းမဝယ်ခဲ့တာတဲ့လား။ မင်းကလေ ?"

"ဟုတ်တယ်၊ ကျတော်သူမကိုဝယ်ဖို့အခက်တွေ့ခဲ့ရတယ်။ သူမကိုရဖို့အတွက် လေးဆတောင် ပိုပေးခဲ့ရတယ်"

အဲဒါကို Tamon ကျေနပ်စွာ ရယ်မောလိုက်တယ်။ သူသည် ရဲဝံ့စွာ လက်လှမ်းလိုက်ပြီး သူမ(ဘုရင်)က သူတို့ကို စိုက်ကြည့်နေစဉ် Roselyn ၏ ပါးပြင်ကို အသာအယာ ထိလိုက်တယ် ။
Tamon သည် Roseline ၏ မျက်လုံးများ ခဏ ပြင်းထန်သွားတာကို သတိပြုမိသော်လည်း သူသာ ရယ်မောနိုင်ခဲ့သည်။
သူမသည် လျင်မြန်သော ဉာဏ်အမြော်အမြင်ရှိသော အမျိုးသမီးတစ်ဦးဖြစ်လို့ သူ့စကားများကို သင့်လျော်စွာ နားလည်နိုင်မည်ဟု သူယုံကြည်တယ် ။

“ Tamon Krasis က မိန်းကလေးတစ်ယောက်ကို ဝယ်လိုက်တယ်တဲ့။ ဘာလို့များတောင် ရုတ်တရက်ကြီးလဲ"

မနေ့ကအထိ Theo ဟာ လိင်တူချစ်သူလား ၊ လိင်တူချစ်သူလို့ ထင်ခဲ့တဲ့ အမျိုးသားတစ်ယောက်က ကျွန်အမျိုးသမီးကို ဝယ်ခဲ့တယ်တဲ့လား ။
သီအို မယုံနိုင်ဖြစ်သွားရတယ်။
အထူးသဖြင့် Tamon ကကျွန်ပြုခြင်းနှင့်ပတ်သက်ပြီး အမြဲသံသယရှိသူတစ်ဦးလဲဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ကျွန်တစ်ဦးဝယ်ခဲ့သည်မှာ ယုံရခက်လွန်းတယ် ။
နောက်ကျပြီးမှပဲ Tamon ပြန်ဖြေတယ်။

"...သူမက တစ်စုံတစ်ယောက်နဲ့တူ‌ေနတာကြောင့်လေ "

"အေးဟုတ်တယ်။"

ဘုရင်ကြီး၏ နှုတ်မှ သက်ပြင်းတစ်ချက် လွတ်ချသွားသည်။
ဟုတ်တယ်၊ အကြောင်းပြချက်က ယုံလောက် တယ်။
တကယ်တော့၊ Tanatos နဲ့ အပြည့်အ၀ ပဋိပက္ခဖြစ်ခဲ့တဲ့သူက Tamon ပါ။ သေခြင်းတရား၏ စွမ်းအားရှိသော အင်ပါယာဖြစ်တာကြောင့် Amor သည် ရူးရူးမိုက်မိုက် စစ်သွားမဖြစ်နိုင်ဘဲ သံတမန်ဆက်ဆံရေးကို ဆက်လက်ထူထောင်ထားရန် လိုအပ်တယ်လေ။
နိုင်ငံအများအပြား၏ အကျိုးစီးပွားများ ရောယှက်နေသောကြောင့် သံတမန်အကြီးအကဲအဖြစ် Tamon သည် ၎င်းတို့နှင့် ထိပ်တိုက်တွေ့ရာတွင် အမြဲတမ်း ဦးဆောင်ခဲ့သည်။သူ ထိပ်တိုက်ရင်ဆိုင်သူ‌ေတွထဲ အခံရခက်ဆုံးနှင့် စိတ်အနှောက်အယှက်‌ေပးဆုံးသူကို အမည်ပြောဖို့ တောင်းဆိုမယ်ဆို ပထမဆုံးတက်လာမည့်သူမှာ  Tanatosရဲ့ ဧကရီ Roselyn V. Sunset ပဲ ။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now