CH (38) လက်ဖဝါး၏နွေးထွေးမှု

474 25 0
                                    

ခဏတာ ပြတင်းပေါက်ကနေ လှမ်းကြည့်ပြီးနောက် Roselyn ထိုင်ခုံကနေ ထလိုက်တယ်။
သူမဝတ်ထားသည့်အဝတ်အစားများသည် ပါးလွှာလွန်းသဖြင့် အပေါ်ထပ်အကျီကိုဝတ်ပြီးနောက် လှေကားဆီသို့ ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။ မနေ့တနေ့က ဒဏ်ရာကြောင့် ခြေကျင်းဝတ်မှာ ပတ်တီး‌ရှိ‌ေနလို့ Tasha က သူမကို ထောက်ဖို့ တွက် လက်မောင်းကို ဆုပ်ကိုင်ထား‌ေပးခဲ့တယ်။

"နေကောင်းပါတယ်၊ နည်းနည်းလေး ထော့နဲ့ထော့နဲ့  နဲ့ လမ်းလျှောက်လို့ရပါတယ်။"

“ဒါပေမယ့် လှေကားတွေက အန္တရာယ်ရှိနိုင်တယ်‌ေလ။ ကျမ ကြည့်ရတာ စိတ်ပူလို့ပါ ။"

ဒီအကြောင်းနဲ့  ပြိုင်မပြောချင်တော့ဘဲ Roselyn က Tasha ကို ကူညီခွင့်ပေးလိုက်တယ်။
ထို့နောက် သူမ လှည့်ကြည့်လိုက်တော့ သူမအခန်းရှေ့တွင် စောင့်နေသော အစောင့်သုံးယောက်ကို တွေ့လိုက်ရသည်။

'အိမ်ကြီးမှာ အစောင့်သုံးယောက်ရှိတာပဲ...'
Roselyn သည် အံသြသွားဟန်ဖြင့် ထွက်ခွာဖို့ အချိန်မဖြုန်းချင်တာကြောင့် သူမ ရှေ့ဆက်သွားလိုက်တယ် ။
ဒါပေမယ့် ထူးဆန်းတာက သူ့နောက်က နေ ခြေသံအနည်းငယ်ပိုကာ ရှိလာတာကို ကြားလိုက်ရတယ်။
လှည့်ကြည့်လိုက်တော့ အစောင့်ကခုနစ်ယောက်ရှိနေတာကို တွေ့လိုက်ရတယ်..။
ပြီးတော့ အမွှာနဲ့ Asrell လည်း ရှိခဲ့တယ်လေ ။

ဧကရီဖြစ်စဥ်အချိန်တုံးက သူမတွင် အစောင့်အကြပ်များစွာမရှိခဲ့ပါဘူး။
Roselyn သည် သူမနောက်မှလိုက်လာသော လူဆယ်ဦးကို ပြန်ကြည့်ကာ သက်ပြင်းချကာ နောက်သို့ပြန်လှည့်လိုက်ပြိး

"ငါ့အခန်းထဲမှာပဲ နေရင်ကောင်းမယ်ထင်တယ်"

"ဟင်? ဘာလို့လဲ ? အပြင်မှာလေတွေနွေးထွေးနေတာလေ ......"

"အဲဒါဟုတ်ပါတယ်။ လှည်းလည်းပြင်ထားပြီးပါပြီ!"

လှည်းဆိုတာကကော ဘာလဲ။
ပျင်းရိသော မှူးမတ်တစ်ဦး စီးနင်းလာသည့် အရာတစ်ခုလို့ ထင်ရသည်။ လူတစ်ယောက် ဆွဲလာတဲ့ ဆိုက်ကားနဲ့ပိုတူတယ်... မျှော်လင့်ထားတဲ့အတိုင်း အပြင်မထွက်တာ ကပိုကောင်းပါတယ်လေ ။
အမွှာများ၏ တုံ့ပြန်မှုကနေ သူမကို အောက်ထပ်တွင် စောင့်ဆိုင်းနေသူပိုများနိုင်တယ်ဟု ခံစားလိုက်ရစေတယ် ။
အိပ်ခန်းကျေးကျွန်အတွက်ဒ်ီ‌ေလာက်အစောင့်အကြပ်များစွာကို မည်သူကများ ခန့ခန့်ထားပါ့မလဲ ။ကျွန်တစ်‌ေယာက်အတွက် လမ်းလျှောက်ထွက်ဖို့ လှည်းလေ‌ေတာင်စီးနေတာပဲ .....
ဒါက Tamon ရဲ့ အိမ်ကြီးမှာ ဆိုရင်တောင် အစေခံတွေကြားမှာ  စကားတွေ ပေါက်ကြားသွားလိမ့်မယ် ။
သူ့ရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျစေတယ်လို့ မပြောခဲ့ဘဲ သူမအပေါ် စိတ်ဝင်စားမှု မြှင့်တင်ခဲ့တယ်လေ ။
Roselyn အာ့အတွက် ဝန်လေးသလိုပင်  ခံစားခဲ့ရသည်။
ယခုအချိန်အထိ သူမသည် အချိန်မရွေး ဖြတ်တောက်ခံရနိုင်သော လှပသော နိုင်ငံခြားကျွန်လေးတစ်ဦးအဖြစ်သာ လူသိများချင်ခဲ့တာပါ။
ပထမတစ်ချက်တွင် သူမသည် သေဆုံးသွားသော Tanatos ဧကရီနှင့် ဆင်တူလို့ပဲ ။
Roselyn က သက်ပြင်းချလိုက်ပြီး လှေကားထစ်ကို ပြန်တတ်သွားခဲ့တယ်။
အာ့အချိန်မှာပဲ ....

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now