Chapter (9) ကိုယ့်ကိုကိုယ် စွန့်ပစ်နေတာလား

942 61 0
                                    

"အဲဒါ ငိုနေ တာလား။"

Roselyn က အဆက်မပြတ်နေရောင်ခြည်လို အာရုံစူးစိုက်မှုကို ဖြစ်ပေါ်စေသည့် အသံတစ်ခုကြားလိုက်ရတယ်။
သူမ ပိတ်ထားတဲ့ မျက်ခွံတွေကို ဖွင့်ပြီး လေထဲကို စိုက်ကြည့်နေတယ်။ သူမရဲ့ ဦးခေါင်းက‌ေတာ့မလှုပ်ရှားနိုင်ဘူး

သူမခန္ဓာကိုယ်က အေးခဲနေပြီ။
သူမ မျက်လုံးများကို လှည့်ကာ နှင်းမုန်တိုင်းကို ဖြတ်သန်းလာသော ကြီးမားသော အသွင်အပြင်ကို စိုက်ကြည့်နေခဲ့တယ်။

မျက်တောင်ခတ်

တစ်စုံတစ်ခုက သူမ၏ အမြင်အာရုံတွင် မှုန်ဝါးဝါး တဖျပ်ဖျပ်လွင့်နေတယ်

ကြောက်မက်ဖွယ်အရှိန်ဖြင့် ကြီးမားသော တစ်စုံတစ်ယောက်ကသူမ အနီးသို့ ရောက်ရှိလို့လာတယ်။
အဲဒါက ဘာလဲဆိုတာ သိလာတဲ့အခါ Roselyn က ခါးသက်စွာပင် ရယ်မောလိုက်တယ်။

"လူတွေအားလုံးထဲကမှ ဒီလူ့ပုံကိုမှ ငါဘာလို့မြင်နေရတာလဲ။"

သူ့ လည်ပင်းကို အမြဲအမြော်အမြင်အရှိဆုံး စိုက်ကြည့်နေတတ်တဲ့ ရန်သူနိုင်ငံတစ်ခုရဲ့ စစ်ဗိုလ်ချုပ်ကြီး ဘာကြောင့် ဖြစ်ရတာလဲ...။

Roselyn အနီးနားတွင် ထိုအရိပ်အယောင် ရပ်တန့်သွားသော်လည်း သူမထုံကျင်လို့နေဆဲပင်။
သူမ တတ်နိုင်သမျှ သွေးအေးခဲနေသော နှုတ်ခမ်းများကို ဖြည်းဖြည်းချင်း မြှောက်ကာ ပြုံးလိုက်သည်။မြင်းပေါ်တွင်ရပ်နေသောလူက Roselyn ကိုကြည့်ကာ ရိုင်းစိုင်းသောအသံဖြင့် အော်ဟစ်လိုက်သည်။

"မင်းကို အသေသတ်ဖို့ နှင်ထုတ်ခံခဲ့ရပေမယ့် မင်းဒီနေရာကို အုပ်စိုးတော့မယ့်ပုံနဲ့ ဒီနှင်းတော ထဲမှာ အိပ်နေတာလား။"

ထိုအသံကသူမ ထင်ယောင်ထင်မှားဖြစ်‌နေတာလို့ ပြောဖို့ အလွန်ပင်ထင်ထင်ရှားရှာ ဖြစ်လို့နေတယ်။

"ဧကရီ ၊ဒါကမင်းနဲ့ အရမ်းတူတယ်"

Roselyn ၊ သူမ၏ ထုံထိုင်းသော အသိစိတ်ကို ထိန်းကာ
သူမ မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်ပြီး ပြန်ဖွင့်လိုက်ပေမယ့် မယုံနိုင်လောက်အောင် ပုံရိပ်က ပျောက်ကွယ်မသွားခဲ့ဘူး။

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now