CH(78).....စည်း

139 14 0
                                    

တင်ဆက်သူက သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ အော်ဟစ်လို့နေတယ်။
ထို့နောက်လူတွေက အံ့အားသင့်စွာ အော်ဟစ် သြဘာပေးကြသည်။

"အလို! နိုင်​ငံခြားအမျိုးသမီးက တကယ်​ကို အံ့သြစရာပဲ!”

"သူမက ဒီလောက်တောင် အရည်အချင်းရှိတယ်ဆိုတာ မယုံနိုင်ဘူး!"

"လှပတဲ့အမျိုးသမီး!"

သူမအား ထိတ်လန့်သောမျက်လုံးဖြင့် ကြည့်နေကြသော အခြားကိုယ်စားလှယ်လောင်းများက ကျယ်လောင်စွာ လက်ခုပ်တီးကာအား‌ေပးလို့‌ေနကြသည်။
Roselyn ကို လုံးဝစိတ်မ၀င်စားသလို ရှိတဲ့ ဆံပင်အနက်ရောင်နဲ့ အမျိုးသမီးက မတ်တပ်ရပ်ကာ ပြုံးပြတယ်။ဒီအဖြစ်အပျက်လေးရဲ့ ဇာတ်ဆောင်ဖြစ်လာသော Roselyn သည် ထိန်းမနိုင်သိမ်းမရ လွှမ်းခြုံနေသော ပျော်ရွှင်မှုများကြောင့် အနည်းငယ်မျက်နှာ နီရဲလျက် ပြန်ကြည့်မိသည်။
ဆန္ဒ‌ေတွ၊ မျှော်လင့်ချက်‌ေတွ၊ မလိုမုန်းထားမှုတွေ ဒါ့မဟုတ် အမုန်းတရား‌ေတွမပါဘဲ လူ‌ေတွရဲ့အကြည့်‌ေတွကို ကြည့်ရတာကသူမအဖို့တော့ မရင်းနှီးလှဘူး။

သူမ ဘာမှမဟုတ်တာ‌ေလးအတွက် ချီးကျူးခံ‌ေနရသလိုတောင် ခံစားရသည်။
သူမခြေချောင်းတွေက တိမ်တွေပေါ်ကနေ နည်းနည်းလေး တွဲ‌ေလာင်းကျနေသလိုပဲ။(လေပေါ်မြောက်နေသလိုပဲ)
ထိုအချိန်တွင် သူမ၏ မျက်လုံးတို့ကို ရှေ့တည့်တည့်တွင် စောင့်ကြည့်နေသော Tamon's နှင့် ဆုံမိသွားသည်။
သူက တခစ်ခစ်ရယ်ပြီး ခေါင်းယမ်းလိုက်တယ်။ “မင်းရဲ့ အထူးကျွမ်းကျင်မှုကို ငါမြင်ဖူးတယ်” လို့ ပြောလိုက်တဲ့ အကြည့်တစ်ခုနဲ့ပေါ့။
Roselyn သည် ထိုအကြည့်ကို သူမ မမြင်ဖူးသလိုမျိုး ခေါင်းကို ခါယမ်းလိုက်မိသော်လည်း ထိုအချိန်တွင် သူမ ပြန်လှည့်မကြည့်နိုင်တော့ပေ။

"ဟန်နာ...?"

လူအုပ်ထဲတွင် အနည်းငယ်ရင်းနှီးသော ကလေးတစ်ယောက်ကို သူမတွေ့လိုက်ရသည်။
မည်မျှပင်ဝေးသည်ဖြစ်စေ ကလေး၏ထူးခြားသောဆံပင်အရောင်သည် ထင်ရှားပေါ်လွင်လို့နေသည်။

“…………… ငါ Hannah ကိုတွေ့ခဲ့တာ သေချာပါတယ်”

'ငါများ မှားတွေ့မိတာလား'

မိဘုရား ခိုးတာဘယ်သူလဲWhere stories live. Discover now